![]() |
Photo: internet |
လောကမှာ ရန်သူကင်းသူမရှိနိုင်။ ကိုယ်ကျိုးစွန့် ပြီး
လူသားများကို ကယ်တင် လိုသော မြတ်ဗုဒွပင်လျှင် သူနှင့် ပတ်သက်သော ရန်သူများရှိသေး သည်။
ဘာသာရေး ဆိုင်ရာ ပုဂိုလ်များ၊ တိုင်းပြည်ခေါင်းဆောင်များ သည် သူတို့ နှင့် ဆန့်  ကျင်ဘက်တို
့ ၏ ကဲ့ရဲ့ ဝေဖန်မှုနှင့် ဆဲရေးမှု တို့ ကို ခံစားကြရသည်။ ထိုဝေဖန် ဆဲရေးမှု တို
့ကို မိမိတို့ ၏ မူဝါဒ စည်းကမ်းနှင့် သွေဖယ်မှု မရှိဘဲ ကျင့်သုံးသည်။ အချို့ ပုဂိုလ်များမှာ မိမိတို့ ၏ ဘာသာအယူဝါဒ ၊
ခံယူချက် ကို မစွန့် လွတ်ခြင်း ကြောင့် အချိန်မတန်ဘဲ အရွယ် ငယ်ငယ်နှင့် လုပ်ကြံ
ခံရပြီး သေဆုံးကြရသည်။
ယင်းသည် လော က၏ သဘောအရ အကောင်းနှင့် အဆိုးဒွန်တွဲ ပြီး
တိုက်ခိုက် ကြခြင်း ဖြစ် သည်။ လူ တစ်ယောက် ဟာ ကောင်းတဲ့ လုပ်ငန်းလုပ်တော့မယ်ဆိုရင် သူ
့ကို ကူညီမယ့် အစားဝိုင်းဝန်း ကဲ့ရဲ့ ဝေဖန်ပြီး အပြစ်ရှာသူများ ပေါ်ထွက် လာတတ်သည်။ သူ
့ကို အကောင်းရော၊ မကောင်းရော ကဲ့ရဲ့ သဂြိုလ် စကားတင်းဆိုကြပေမည်။
မြတ်ဗုဒွ လက်ထက်တွင် အတုလ အမည်ရှိ ဥပါသကာ တစ်ဦးရှိဖူး၏။ သူ့ မှာ
လူတိုင်း ကို ကဲ့ရဲ့ သော အကျင့်ရှိ၏။
ရှင်သာရိပုတွရာ၊ ရှင်မောဂွလာန်နှင့် ရှင်အာနနွာ တို့ ပင်လျှင် သူ့ အကဲ့ရဲ့ မလွတ်၊
သူ့ အဝေဖန် မလွတ်၊ တစ်နေ့ - မြတ်စွာဘုရားက သူ့ ကို အမိန့် ရှိ၏။
“ဒကာကြီး- လောကမှာ စကားများများပြောတဲ့ သူ ကို လဲ
ကဲ့ရဲ့ ကြတယ်၊ စကားနဲနဲ ပြောတဲ့ သူကိုလဲ
ကဲ့ရဲ့ တတ်ကြတယ်၊ စကားသင့် ရုံပြောတဲ့ သူကို လဲ ကဲ့ရဲ့ ကြတယ်၊ ဘယ်သူမှ အကဲ့ရဲ
့မလွတ် “
***********************************************************************
(၂) စိတ်ရဲ့ ထင်ဟပ်မှု အရိပ်
လူတစ်ဦး၇ဲ့  အတွေးအခေါ် နဲ့  လုပ်ဆောင်ချက်များဟာ သူ
့ဘ၀အခြေအနေနဲ့  အတွေ့ အကြုံပေါ်မှာ အများကြီး ထင်ဟပ်ပါသည်။ မှန်ရိပ်ပေါ်မှာ ထင်သော
အ၇ိပ်ပမာ ဖြစ်ကြပါသည်။ မိမိတို့ ၏ ကိုယ်ပိုင် အတွေးအခေါ် နှင့် အတွင်း စိတ်ဓာတ် များသည်
ကိုယ်တိုင်ပြုလုပ်ခြင်း၏ တန်ပြန်ရိုက်ခတ်မှု သာ ဖြစ်သည်။ ယင်းတို့ ၏ အပြောအဆိုနှင့်
ပြုလုပ်များသည် သူတို့ ၏ ကိုယ်ပိုင်အပြုအမူနှင့်
ယုံကြည်မှု ကြောင့် ထင်ဟပ် လာရသည်ဟု သဘောမပေါက်မချင်း သူတို
့သည် အခြေအနေနှင့် အချိန်အခါ တို့ ၏ နောက်လိုက်ကျေး ကျွန်တို့ သာ ဖြစ် နေရပေမည်။ အကယ်၍ ဤအမှန်တရား ကို
သဘောပေါက်လျှင် မကောင်းသောစိတ်ဖြင့် ကြံစည်ခြင်း၊ သူတစ်ပါးကို ကဲ့ရဲ့ လိုခြင်းဟူသော အဆိပ်အတောက် မှ လွတ်ကင်းသော
ဘ၀ခရီးလမ်း ကို လျှောက်လှမ်းနေသူဟု လိုချင် ပါသည်။
သူတစ်ပါး၏ အရုပ်ဆိုး အကျည်းတန်မှု ကို မြင်သောသူသည် မိမိ၏
ကိုယ်ပိုင် သဘာဝ ကို တိုက်ရိုက် ထင်ဟပ်၍ မြင်ခြင်းဖြစ်သည်။ ထို့ ကြောင့် လူတစ်ဦးသည် အခြားသူ၏
ကံမကောင်း အကြောင်းမလှဖြစ်ရမှု ကို အခွင့်ကောင်းယူ၍ ယင်း၏ ပျော့ကွက်၊
အားနည်းချက်တို့ ကို အဆောတလျင် ဝေဖန်မှု၊ ကဲ့ရဲ
့မှု မပြုလုပ်သင့်ပေ၊ ဤ အကြောင်း ပတ်သက်လျှင် ကဲ့ရဲ့ ဝေဖန်မှု ကို အဆင်သင့် ပြင်ဆင်မထားသင့်ပေ၊ သူတို
့နေရာတွင် အစားထိုး ၀င်ရောက်ခြင်းဖြင့် ကျယ်ကျယ်ပြန့် ပြန့်  မြင်ကွင်းတစ်ခုပမာ
ကိုယ်ချင်းစာ စိတ်ဖြင့် ကြည့်သင့်သည်။ ဖြစ်ပေါ်လာသော ပြသာနာ၏ အခြေအနေ အရပ်ရပ် ကို
ခြုံငုံ၍ နားလည်စေရန် ကြိုးစားသင့်သည်။
ဤ သို့  သဘာဝကျစွာ
စဉ်းစားခြင်းဖြင့် သူတစ်ပါးရဲ့ 
စိတ်ချမ်းသာမှုနဲ့  ကိုယ်ရေး ကိုယ်တာ ကိစွ ကို ၀င်ရောက် စွက်ဖက်ခြင်း မှ ကင်းဝေးပြီး
သဘောထားကြီးသူ အဖြစ် ရပ်တည်နိုင်မည်။
မြတ်စွာဘုရားက သူတစ်ပါးကို ကဲ့ရဲ့ - အပြစ်ရှာခြင်းနှင့်
စပ်လျဉ်း၍ ဆုံးမထား၏။
“သူတစ်ပါးကို မနာလို၍ အမြဲ အပြစ်ရှာသူသည် အကုသိုလ်တိုးပွား၏။”
“သူသည် အတွေးမှားခြင်း၊ မာနကြီးခြင်း ဟူသော စိတ်ဖြင့်
ညစ်ညူး၍ စိတ်ချမ်းသာမှု
မရနိုင်”
Bolton Ha အမည်ရှိ အင်္ဂလိပ်ကဗျာဆရာက ဤသို့ ရေးဖူး၏။ “ကျွန်တော်က ညီဖြစ်သူကို....
ဝဖန်ရေးမှန်ပြောင်း
နဲ့  ကြည့်တော့ ..သူ အတော် အပြောအဆို ရိုင်းစိုင်းတာတွေ့ ရတယ်။
အထင်သေးခြင်း ဆိုတဲ့ မှန်ပြောင်း နဲ့  ကြည့်တော့…သူ
သဘောထားသေးသိမ် တာ တွေ့ ၇တယ်။
အမှန်တရား ဆိုတဲ့ မှန်ပြောင်းနဲ့  ကြည့်လိုက်တော့..သူဟာ
ကျွန်တော်နဲ့  အလွန် တူတာ တွေ့ ရပါတယ်။"
သူတစ်ပါး အပြစ်ကို ရှာဖို့  လွယ်သလောက် မိမိအပြစ်ကို
မြင်ဖို့ ခက်သည်။ မြတ်စွာဘုရား က ဟောကြား ထား၏။ “လူများသည် သူတစ်ပါး အပြစ်ကို ဆီလို
ယို ပေါက်ရှာ တတ်သလောက် မိမိအပြစ် ကို တော့ ဥာဏ်များပြီး ခြုံထဲ ပုန်း အောင်းသော
ငှက်ပစ် မုဆိုးလို ၀ှက်ထားတတ်သည်။ သူများလုပ်ခဲ့တာတွေ မလုပ် ရသေးတာတွေ ကို
အပြစ်ရှာမနေပဲ မိမိရဲ့ အားနည်းချက်တို
့ကို သာ သတိပြုကြည့်ရှုသင့်သည်”
အထက်ပါ မြတ်ဗုဒွ၏ အဆုံးအမကို ရင်မှာ
ကိန်းအောင်းစေခြင်းဖြင့် မကောင်းသော စိတ်ဓာတ်များကို ရပ်တံ့စေပြီး ကောင်းမြတ်သော သဘာဝ အမှန်တရား ကို
နားလည်စေရန် အထောက်အပံ့ဖြစ်လာမည်။ အကောင်းဖက်မြင်တတ်ပါစေ၊ လူတစ်ယောက်မှာ
အပြစ်မြင်တတ်တဲ့ အကျင့် ရှိလျှင် သူသည် နှင်းဆီ ပန်းရှိ ဆူးများ ကို မြင်မိမှာ
ဖြစ်သည်။ သို့ သော် နှင်းဆီပန်း အလှ ကို ကြည့်ရှု ခံစားသောအခါ ဘယ်သူက ဆူးအကြောင်း
ကို ပြောနေတော့မှာ လဲ။ မည်သည့် အရာမျှ အပြစ်အဆာမကင်း၊ ဘယ်သူမှ လုံးဝအကောင်း
မဖြစ်နိုင်သလို ဘယ်သူမှလဲ လုံးလုံးလျားလျား ဆိုးတဲ့ လူမရှိနိုင်ပေ။
နောက်နောင်မှာ သူတစ်ပါး အပေါ် ကဲ့ရဲ့  မယ်ကြံရင် ‘Robert
Louis Stevenson’ ရဲ
့ ကဗျာကို သတိရပါ။
“အဆိုးဆုံးလို
့ သတ်မှတ်ထားတဲ့ ကမာထဲမှာ အကောင်းရှိ တတ် ပါ တယ်၊ အကောင်းဆုံးလို့  သတ်မှတ်ထားတဲ့
ကမာထဲမှာ အဆိုး ရှိတတ်ပါတယ်။ ဒါကို မြင်မိသူ နည်းပါတယ်။ အခြားသူတွေ အပေါ်မှာသာ
အပြစ်ကို ရှာကြ တယ်။
***********************************************************************
(၃)
ဝေဖန်မှု ကို မကြောက်ပါနှင့် Don’t be afraid of criticism
အချိုအစားများလျှင် ရောဂါရတတ်၏။ ချီးမွမ်းခြင်းသည်
အချို နှင့် တူပြီး များလွန်းလျှင်
ဒုကွပေး တတ်၏။ ဝေဖန်ကဲ့ရဲ့ မှုသည် ဆေးခါးနှင့် တူ၏။ ယင်းသည် မလိုလား စရာ
ဆေးခါး ပမာ ဖြစ်သော်လည်း လူ့  လောက အတွက် မရှိမဖြစ် လိုအပ်သည်။
ဝေဖန်ကဲ့ရဲ
့မှု ကို မကြောက်နှင့်၊ ဘယ်သူမှ အကဲ့ရဲ့ မလွတ်၊ ထင်ရှားသော ဘာသာရေးခေါင်းဆောင်
သည်ပင်လျှင် အကဲ့ရဲ့ မလွတ်၊ ကဲ့ရဲ့  ခြင်းသည် အကျိုးရှိသော အလုပ်မဟုတ်၊ ကဲ့ရဲ
့ခံရသူသည် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သူ့ ကိုယ်သူ မှုချ ကာကွယ် ပြောဆိုမည်၊
ကဲ့ရဲ့ ပြစ်တင်မှု သည် အနွရာယ်ရှိ၏။ အဘယ်ကြောင့် ဆိုသော် အကဲ့ရဲ့ ခံရသူ ၏ ဂုဏ်သိကွာနှင့်
အရေးပါမှု ကို ဖျက်ဆီးပြီး တန်ပြန် လက်စားချေမှု ကိုလည်း
ဖြစ်ပေါ်စေခြင်းကြောင့်ပင်တည်း။
ဒါပေမဲ့ ဝေဖန်ကဲ့ရဲ့ မှု မှာ အပြုသဘောဆောင်တဲ့
သဘောတရား လည်း ရှိပါသေးသည်။ မည်သူမဆို ကဲ့ရဲ့ မှု နှင့် ဝေဖန်မှု ကို ခွဲခြား သိမြင်ပြီး
သတိပြု နားထောင်သင့်၏။ အပြုသဘောဆောင် တဲ့ ဝေဖန်ကဲ့ရဲ့ မှု ဘက်သို့  ဦးတည် လျှင်
မိမိ၏ တိုးတက်မှု အတွက် အခွင့်အရေး တစ်ရပ်အနေဖြင့် ၀မ်းမြောက် ၀မ်းသာကြိုဆိုရမည်၊
မိမိတို့ သည် အတွဆန်သော အတွေးများကို ထိန်း ချုပ်ပြီး ဝေဖန်သူအပေါ် အမျက်ထားကာ ဒေါသ
မပွားသင့်၊ ရန်သူဟု အလျင်အမြန် တံဆိပ် မတပ်သင့်၊ မိမိကို ဝေဖန်သူ အားလုံးသည်
ရန်သူများ မဟုတ်ကြ၊ ထို့ ကြောင့် အပြုသဘော ဆောင်သော စိတ် ကို မွေးမြူပြီး
ဝေဖန်မှု၊ ကဲ့ရဲ့ မှု အပေါ် ဂရုတစိုက် နားထောင်သင့်၏။ ဝေဖန်မှု၊ ကဲ့ရဲ့ မှု သည်
အခြေအမြစ်ရှိပါသလား၊ အဲဒီ ဝေဖန်ကဲ့ရဲ့ မှု အပေါ်မူတည်ပြီး မိမိတို့  ဘာများ
သင်ခန်းစာယူနိုင်သလဲ ဆိုတာကို ဆင်ခြင်စဉ်းစားရမည်၊ တခါတ၇ံ မိမိတို့ ကိုယ်တိုင်
မမြင်တွေ့ နိုင်သော အားနည်းချက် အပြစ်အနာဆာများကို ယင်းဝေဖန် ကဲ့ရဲ့ မှု တို့ မှ
အဖိုးတန် သင်ခန်းစာ အဖြစ် လေ့လာတွေ့ ရှိနိုင်သည်။
![]() |
Photo: internet |
(၄)
သူများအလုပ် ၀င်မစွက်ဖက်ပါနှင့် Mind your
own business
တနည်းအားဖြင့်
ဆိုရသော် မိမိတို့ နှင့် သဘောထားမတိုက်ဆိုင်သော ဆန့် ကျင်ဖက် ဖြစ်သူများ နှင့်
ဆုံစည်းကောင်းဆုံစည်းရမည်၊ ဒီတခါ မိမိတို့ က အကောင်းဆုံးသောနည်း၊ အအေးချမ်းဆုံးသောနည်းဖြင့်
ကြိုးစား အသုံးပြု ရမည်။ သို့ သော် မအောင်မြင်ပဲ အချည်းနှီးဖြစ်ကောင်း ဖြစ်မည်၊
ယင်းသို့ သော အခါမျိုးမှာပင် ၄င်းတို့  အပေါ် ရန်ညှိုးမသို စိတ်မတိုသင့်၊
မုန်းမာန် မပွား အမျက်မထားသင့်၊ ရန်မီးကိုပွား လက်စားမချေသင့်၊ တုန့် ပြန်လှည့် စား
ဂလဲ့စားချေမည်ဆိုလျှင် မိမိတို့ လဲ ကဲ့ရဲ့ မှု ဟူသော ရွှံ့ အိုင်တွင်းသို့  သူတို
့နည်းတူ သက်ဆင်းရပေမည်။ လူများသည် တခါတရံတွင် မကောင်းသော စိတ်ဖြင့် သူများကိစွတွင်
မလိုအပ်ပဲ စပ်စုတတ်ကြသည်။ စွက်ဖက် တတ်ကြသည်။ ပြောမိတတ်ကြသည်၊ အဲဒီရဲ့ 
အကျိုးဆက်အဖြစ် သူတို့ ခမျာ ဒုကလှလှကြီး တွေ့ ကြရသည်၊ တချိန်တည်းမှာပဲ မိမိတို
့သည် အခြားသူများ ကိစွတွင် မလိုအပ်ပဲ စွက်ဖက်ခြင်း၊ ဝေဖန်ခြင်း၊အပြစ်တင်ခြင်း၊
ကဲ့ရဲ့ ခြင်းတို့ ကို အဆောတလျင် မပြုလုပ်သင့်၊ ဤနေရာတွင်
ကိုယ်နှင့် မဆို င်သော အရေး ကိစွတွင် မဆီမဆိုင် ၀င်ရောက်စပ်စု ခြင်းကြောင့်
ဒုကွရောက် ရသော ကျေးလက် ပုံပြင်လေးတစ်ခု ကို ဖော်ပြရင်း နိဂုံးချုပ်လိုက်ပါသည်။
ဟိုရှေးရှေးတန်ုးက
ရွာတစ်ရွာမှာ လူနှစ်ယောက် လွှစင်ပေါ်မှာ ပျဉ်ခွဲနေကြပါသည်၊ သူတို့ သည် ခွဲပြီးသား
ပျဉ်ပြားများ အကြားတွင် သစ်သားသပ်များဖြင့် လျိုထားကြသည်။ ယင်းသို
့ပြုလုပ်ခြင်းဖြင့် ပျဉ်ပြားများ ဟ ပြီး လွှဆွဲကောင်းစေ၇န်ဖြစ်သည်။ သို့ သော်
ပျဉ်ခွဲမပြီးခင် မွန်းတိမ်း အချိန် ခန နားပြီး နေ့ လည်စာ စားရန် ဆုံးဖြတ်ကြသည်။
ထို့ ကြောင့် ပျဉ်နှစ်ခု အကြားမှာ သပ်ကိုလည်း ဤ
အတိုင်း လျှိုပြီး ထားခဲ့သည်။
ဒီအချိန်မှာ
ပဲ မျောက်ကြီးတစ်ကောင် က လူမရှိသော လွှစင် အနီးကို ရောက်လာ သည်။ သူသည် ပျဉ် နှစ် ခု
အကြားမှာ ခွထိုင်ရင်း လျှို ထားသော သပ်ကို ကြည့်နေသည်။ အမြီးနှင့် အင်္ဂါဇတ်သည်
ပျဉ်နှစ် ခု အကြား တွဲ လောင်းကျနေသည်။ သူက ထို အနေအထားဖြင့် သစ်သား ကို ဆွဲထုတ်ဖို
့ ကြိုးစားသည်။ တော်တော်နှင့် မရ၊ အားကုန်ဆွဲသည်၊ မရ၊ နောက်ဆုံး ကြိုးစားပမ်းစား
ဆွဲထုတ်လိုက်မှ သပ်ချောင်းပြုတ်ပြီး ပျဉ်နှစ်ချပ် စေ့ သွားကာ အမြီးနှင့်
အင်္ဂါဇာတ်ညှပ်မိပြီး သေဆုံးသွားလေသည်။
ကဲ့ရဲ
့လိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
အထင်သေးခြင်း၊
အချင်းချင်း၊ ကင်းရှင်းကြပါစေ။
မနာလိုခြင်း၊
အချင်းချင်း၊ ကင်းရှင်းကြပါစေ။
ပျက်စီးလိုခြင်း၊
အချင်းချင်း၊ ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း၊
အချင်းချင်း၊ ကင်းရှင်းကြပါစေ။
မုန်းတီးလိုခြင်း၊
အချင်းချင်း၊ ကင်းရှင်းကြပါစေ။
ရန်ပြုလိုခြင်း၊
အချင်းချင်း၊ ကင်းရှင်းကြပါစေ။
ဒေါသဖြစ်ခြင်း၊
အချင်းချင်း၊ ကင်းရှင်းကြပါစေ။
(Source: How to live without fear & worry by K. Dhammananda ကို ဆီလျော်အောင် မြန်မာဘာသာပြန်ဆိုသည်)
No comments:
Post a Comment