ရှစ်ပါးသီလ
(၁) ပါဏာတိပါတာ ဝေရမဏိ၊
- (သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်းအမှုကိစ္စတို့အားမပြုလုပ်ပဲရှောင်ကြင်မည်ဟူသော သိက္ခာပုဒ်အားထိန်းသိမ်းစောင့်ရှောက်ခြင်း)
(၂) အဒိန္နာဒါနာ ဝေရမဏိ၊
- (သူတစ်ပါးမပေးသောပစ္စည်းဥစ္စာတို့ကိုယူငင်ခြင်း "ခိုးယူခြင်း"စသောအမှုကိစ္စတို့အား မကျူးလွန်ပဲ ရှောင်ကြင်စောင့်ထိန်းခြင်း)
(၃) အဗြဟ္မစရိယာ ဝေရမဏိ၊
- (မကောင်းသော မြင့်မြတ်မှုမရှိသော ကာမဂုဏ်သားတို့၏ အလေ့အထ အကျင့်များမပြုကျင့်ပဲ စောင့်ထိန်းခြင်း)
(၄) မုသာဝါဒါဝေရမဏိ၊
- (မဟုတ်မမှန်သောစကားပြောခြင်း၊ လိမ်လည်လှည့်ဖျားပြောဆိုခြင်းတို့မှ ရှောင်ကြင်ခြင်း)
(၅) သုရာမေရယ မဇ္ဇ ပမာဒဋ္ဌာနာ ဝေရမဏိ၊
- (မူးယစ်မေ့လျော့စေသော အရက်သေစာ ဘိန်းဘင်းကစော် လှော်စာ စသည့်
မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သောဆေးဝါးများ
သုံးစွဲခြင်းမပြုပဲရှောင်ကြင်ခြင်း)
(၆) ၀ိကာလဘောဇနာ ဝေရမဏိ၊
- (အချိန်ကာလမဟုတ်သော အဟာရကိုမသုံးဆောင်ပဲ၊ နေ့လွဲ ညစာ မစားသုံးပဲရှောင်ကြင်စောင့်ထိန်းခြင်း)
(၇) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓါရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ၊
- (ဂီတ၌ပျော်ရွှင်နေခြင်း၊ ပန်းရနံ့များအပေါ်သာယာနေမိခြင်း၊ သီဆို
ကခုန်ခြင်း
စသောအမှုများတို့ကိုပြုမူချိုးဖေါက်မိခြင်းမရှိရန်စောင့်ထိန်းခြင်း)
(၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
- (တန်ဘိုးကြီးလွန်းသောအသုံးအဆောင်များသုံးစွဲခြင်း၊
မြင့်လွန်းမြတ်လွန်းသော အိပ်ယာနေရာထိုင်ခင်းစသည်ဖြင့် သုံးစွဲခြင်း
တစ်တောင်အတိုင်းအတာထက်မြင့်သော ကုတင်တွင် အိပ်စက်ခြင်းစသည်တို့ မပြုပဲ
ရှောင်ကြင်စောင့်ထိန်းခြင်း)
No comments:
Post a Comment