![]() |
နွေရာသီကလေးများအတွက် မြန်မာစာပေနှင့်ယဉ်ကျေးမှုသင်တန်း ဖွင့်ပွဲ(နယူးယောက်မြို့ ) |
ရွာဦးကျောင်းမှ ရာသီအလိုက်ပွဲတော်များ ကျင်းပကာ ဘာသာရေးအသိနှင့် လူမှုပေါင်းသင်း ဆက်ဆံရေး တို့ ကို လည်းရရှိခဲ့သည်။ သင်္ကြန်ပွဲတော်၊ ညောင်ရေသွန်းပွဲတော်၊ ၀ါဆိုပွဲတော်၊ သီတင်းကျွတ်ပဲ(ပ၀ါရ ဏာပွဲ) တော်၊ တန်ဆောင်တိုင် (ကထိန်)ပွဲတော်၊ ထမနဲပွဲတော် အပြင် စာပြန်ပွဲများကိုလည်း ရွာဦးကျောင်းမှ ပြုလုပ်လေ့ရှိသည်။ ထို့ ကြောင့် မြန်မာ့သားငယ် သမီးငယ်များသည် ရွာဦးကျောင်းမှ မြန်မာ့ အမွေအနှစ်ဖြစ်သော ဘာသာရေးခံယူချက်နှင့် လူမှုရေးယဉ်ကျေးမှု တို့ ကို ရရှိခဲ့ သည်။ ထို့ အပြင် ရွာဦးကျောင်းမှပင် တရွာတည်းနေ တရေတည်းသောက် ငယ်ပေါင်းသူငယ်ချင်းများ၊ ငယ်ကျွမ်းဆွေတို့ နှင့်လည်း လူငယ်တို့  ဘာသာ ဘာဝ ဘ၀ ကို စတင်နိုင်ကြသည်။ ယင်းသို့ ဖြင့် ရွာဦးကျောင်း သည် မြန်မာတို့ ၏ လူနေမှု ဘ၀တွင် ပင်မ နေရာမှ နက်ရှိုင်းစွာ နေရာယူထားသည်။
ကျေးရွာမဟုတ်သောမြို့ ကြီးများ၊ နယ်မြို့ များမှာတော့ မိမိနေထိုင်သော ရပ်ကွက်တွင်း အိမ်အနီးရှိ ကျောင်း သည် မိမိတို့ အတွက် ရွာဦးကျောင်းပင်ဖြစ်သည်။ အိမ်အနီး ရပ်ကွက်တွင်းမှ ကိုးကွယ်ထားသော ကျောင်းမှာ ပင် ဘာသာရေးဆိုင်ရာ အသိစိတ်များ၊ လူမှုရေး၊ ယဉ်ကျေးမှု တို့ ကို ရရှိခဲ့သည်။ ထို့ ကြောင့် ယင်းဘုန်းတော်ကြီးကျောင်းသည် မြန်မာလူမျိုးနှင့် မြန်မာ့ သားငယ် သမီးငယ်တို့ အတွက် ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ လူမှု ဆက်ဆံရေး အသိစိတ် မျိုးစေ့တို့ ကို ပျိုးထောင်ပေးရာနေရာဖြစ်ပေသည်။
ဝန်ထမ်းသားသမီးဖြစ်ပြီး၊ မိဘများ တာဝန်ကျရာ ပြောင်းရွှေ့ နေထိုင်ရင်း အခြားဒေသမှာ မွေးဖွားသော ကလေးများမှာမူ ရွာဦးကျောင်းမှ ယဉ်ကျေးမှု အမွေကို ရရှိထားသော အဘိုးအဘွား နှင့် မိဘ၊ ဒေါ်ကြီး၊ ၊ ဒေါ်လေး၊ ဦးကြီး၊ ဦးလေး တို့ ၏ သွန်သင်မှု အောက်တွင် ဘာသာရေး အသိစိတ် နှင့် လူမှုရေး၊ ယဉ်ကျေးမှု အမွေအနှစ်တို့ ကိုလက်ဆင့် ကမ်းရရှိနိုင်ကြ၏။
မိမိနေထိုင်မွေးဖွားရာ အရပ်မှ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့ ကြရင်း မွေးရပ်မြေနှင့် ဝေးကွာ သွားကြ သူများ ရှိပေသည်။ သူတို့ သည် အခါသင့် အခွင့်သာ ကာ ရွာပြန်ရောက်လျှင် ရွာဦးကျောင်းသည် ပထမဆုံး သွားရောက်ဖူးတွေ့ ရသော အလွမ်းပြေ၊ အမောပြေ နေရာဖြစ်သည်။ နေ့ စဉ် ရင်ဆိုင်ရသော လူမှုရေးလောကမှ ဘ၀အမောတို့ ကို ရွာဦးကျောင်း က နှစ်သိမ့်ပေးနိုင်သည်။ အရွယ်နှင့် အမျှ ရင်ဆိုင် ကြုံတွေ့ ရသော ဘ၀၏ ဒဏ်ရာဒဏ်ချက် များကို ရွာဦးကျောင်း က ဖြေသိမ့်ပေးနိုင်သည်။
ရွာဦးကျောင်းသို့ လာရောက်ဖူးတွေ့ ရမှ ရွာပြန် အလည်လာရကျိုးနပ်သည် ဟု ယူဆကြသည်။ ရွာဦးကျောင်းကို လာရောက် ဖူးမြော်ရာမှ ငယ်ဘ၀၊ ငယ်မူငယ်သွေးများကို ပြန်လည် အမှတ်ရရင်း၊ ဘ၀ သင်ခန်းစာများကို ဆင်ခြင်ပွားများနိုင်သည်။ ယင်းသို့ ဖြင့် ရွာဦးကျောင်း(သို့ မဟုတ်) အိမ်အနီး ရှိ ကျောင်း သည် မြန်မာလူမျိုးတို့ ဘ၀ တွင် အရေးပါသော အခန်းမှ ပါဝင်နေသည်။
****************************************************************************
အမေရိကန်ပြည်ထောင်စု သို့  မြန်မာပြည်မှ မိသားစုများ ပြောင်းရွှေ့ နေထိုင်ရင်း ဘ၀ကို စတင်ကြသည်။ လွန်ခဲ့သော နှစ် ၂၀ ခန့် က မိဘမောင်ဘွားများနှင့် လိုက်ပါလာခဲ့ကြသော ကလေးငယ်များသည် ယခုအချိန်တွင် အမေရိကန်ပြည်ထောင်စုတွင် ဘွဲ့ ရလူငယ်များ၊ ပညာတတ်များ ဖြစ်လာကြပြီး ဘ၀ခရီးလမ်း ကို ကျရာ အရပ်မှ ဖြောင့်ဖြူးစွာ လျှောက်လှမ်းနေကြသည်။

ဦးခင်မောင်တို့ မိသားစု နယူးယောက့် မြို့ နှင့် မဝေးလှသော ပြည်နယ် တစ်ခု သို့ ရောက်ရှိနေ ထိုင်ကြသည် မှာ အနှစ် ၂၀ ကျော်ပြီ။ သားကြီး မောင်စိုးလွင် နှင့် သမီးငယ် ခင်ခင်တို့  နှစ်ဦး သာရှိပြီး သားကျောင်းပြီး ချိန်တွင် သူတို့ မြို့ မှာပင် အလုပ်ရသည်။ သမီးငယ် ခင်ခင်လည်း ဘွဲ့ ရပြီး ဆေးရုံတွင် တာဝန် ကျသော ခင်ပွန်းသည်နှင့် အတူ နယူးယောက် မြို့  သို့ ပြောင်းရွှေ့ နေထိုင်သည်။ နယူးယောက်မြို့  ရှိ မြန်မာ့အသိုင်းအ၀ိုင်းတွင် သမီးလေးတို့ မိသားစု အတွက် လူမှုရေး အပေါင်းအသင်း၊ သာရေး၊ နာရေး နှင့် ဘာသာရေး အပေါင်းအသင်းမှာ သူ့ အတိုင်း အတာ နှင့် သူတော့ ရှိနေသည်။ ယင်းတို့ အနက် သူတို့  အိမ်သားများနှင့် အရင်းနှီးဆုံး မိသားစုမှာ နာတာရှည် နာမကျန်းဖြစ်သူ မိခင်ကြီးကို မငြီးမငြူ တာဝန်ယူပြုစုနေသော ညီအကို မောင်နှမ မိသားစုဖြစ်သည်။ ခင်ခင်တို့  အိမ်နှင့် မနီးမဝေးရှိ ဘုန်းတော်ကြီး ကျောင်းသည် သူတို့ မိသားစု အတွက် သီတင်းသီလ ဆောက်တည်ရာ၊ ဆွမ်းပို့ ရာ၊ မွေးနေ့ အလှူ ကျင်းပရာ၊ ကုသိုလ်ယူရာ နေရာ ဖြစ်သည်။ မိခင်ကြီးကို ပြုစုသော မိသားစု အိမ်နှင့် မြန်မာဘုန်းတော် ကြီးကျောင်းသည် ခင်ခင်တို့ မိသားစု အတွက် ခင်ရာ ဆွေမျိုး မြိန်ရာ ဟင်းကောင်းဖြစ်သည်။
æ æ æ æ æ æ æ æ æ æ æ æ æ æ æ
၂၀၀၃ ခုနှစ် ဆောင်းတွင်း ကာလတွင် နယူးယောက် မြို့ တွင် အလွန် ဆိုးဝါး စွာ နှင်း ကျ သည်။ ဆောင်းတွင်းလွန်မြောက် နွေဦးရောက်တော့ ရွက်နုရွက်သစ်တို့  ကြည်နှူးစဖွယ် ပေါ်ထွက်လာသည်။ ယင်းနွေဦး အစ မှာပင် ခင်ခင့် မိဘနှစ်ဦး နယူးယောက် မြို့ သို့ အလည်လာကြသည်။ သူတို့ ကို မြို့ ပေါ်ရှိ ကုလသမဂ အဆောက်အဦးအပါအ၀င် ထင်ရှားသော နေရာဌာန အနှံ့အပြား သို့ လိုက်လံ ပို့ ဆောင်ပြသ ခဲ့သည်။
အားလုံး ကို စုံသလောက် ကြည့်ပြီးနောက် မြို့ ပေါ်ရှိ မိခင်ကြီး ကို ပြုစုသော မိသားစုအိမ်နှင့် သူတို့ ကိုးကွယ်သော ဘုန်းတော်ကြီးကျောင်းသို့  သွားရောက်လည်ပတ် ဖူးမျော်ကြသည်။ ကျောင်းမှာ တရား နာကြ သည်။ စကားပြောကြသည်။ လှူစရာများကို လည်း လှူကြသည်။ ပြီးတော့် ပြန်ထွက်ခွာလာသည်။
ဘုန်းတော်ကြီး ကျောင်းမှ အပြန်တွင် မိဘနှစ်ဦး ရဲ့  မျက်နှာသည် ၀မ်းသာမှု ဖြင့် ရွင်လန်းနေသည်။ မြို့ ကြီးမှာ မိဝေးဘဝေး နေထိုင်ရသော်လည်း ကိုးကွယ်စရာ၊ အားထားစရာ မြန်မာဘုန်းတော်ကြီးကျောင်းနှင့် ရတနာသုံးပါး ရှိ သောကြောင့် သမီးလေးတို့ မိသားစု အတွက် မိဘနှစ်ဦးက ကြည်နှူးဝမ်းသာရခြင်းပါ။ ယင်း ဘုန်းတော်ကြီးကျောင်းသည် သမီးလေးတို့  မိသားစုအဖို့  ရွာဦးကျောင်းပင် ဖြစ်သည်။ အမေရိက ရောက် နေသော်လည်း ရွာဦးကျောင်းသဖွယ် ယုံကြည်နိုင်၊ ကိုးစားနိုင်၊ ကိုးကွယ်နိုင်သော ဘုန်းတော်ကြီး ကျောင်းပင်ဖြစ်သည်။
မဟာအောင်မြေ- ဦးဝိလာသ æ æ æ æ æ æ æ æ æ æ æ æ æ æ æ

No comments:
Post a Comment