Tuesday, February 28, 2012
ကိုယ်လည်းကျန်းမာ စိတ်ချမ်းသာ
နယူးယောက့်မြို့ ၏ နံနက်ခင်းသည် သန့် ရှင်းလန်းဆန်းနေသည်။ လူတွေ အိပ်ယာ မထသေး ငြိမ်သက်နေသည်၊ အေးဆေးနေသည်၊ တိတ်ဆိတ်နေ သည်။
 အချိန်မှာ စပရင်းခေါ် နွေဦးပေါက်ရာသီဖြစ် နံနက်ခင်းသည် နှူးနှူးညံ့ညံ့    လေး အေးမြနေသည်။ နံနက်ခင်း လမ်းလျှောက်ရသည်မှာ အသက်ရှည်ဆေး မှီဝဲရသည် နှင့် တူသည်။ ခြေဆန့် လက်ဆန့် လို့  ကောင်းသည်။ အသက်ရှူရ လွတ်လပ် သည်။ မျက်လုံးအမြင်အေးသည်။ ၀မ်းမီးကောင်းသည်။ ဆာလောင်မှု ကို ဖြစ်စေသည်။ စိတ်တည်ငြိမ်မှုရသည်။ သမိာ ကို ဖြစ်စေသည်။ ဗုဒစာပေ လမ်းလျှောက်ခြင်း (စင်္ကြန် လျှောက်ခြင်း) အကျိုး ၅ မျိုး ရှိသည်ဟု မှတ်သားရဖူးသည်။ 
၁။ ခရီးဝေးသွားနိုင်ခြင်း။
၂။ ကြံ့ခိုင်မှုရှိခြင်း
  (ရာသီဥတု အပြောင်းအလဲ အပူအအေး ကိုခံနိုင်ရည်ရှိခြင်း)
၃။ ရောဂါကင်းခြင်း( နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါစသည် မရှိခြင်း)
၎။ အစာကျေခြင်း။
၅။ မှတ်ည်(သမိာ) ကောင်းခြင်း….
တို့ ဖြစ်သည်။  (အင်္ဂုတရနိကာယ၊ ပဥကနိပါတ)
  • ခရီးသွားနိုင်၊ ကြံ့ခိုင်အားအင်၊ ကင်းစင်ရောဂါ၊ အစာကြေညက်၊
မပျက်သမိာ၊ ငါးပါးရှိ၊ မှတ်ဘိ စင်္ကြန် အကျိုးတည်း။ 
ပန်းသီးစားခြင်းဖြင့် ကျန်းမာမှုနှင့် ပတ်သက်ပြီး လူသိများသော အင်္ဂလိပ် စကားပုံ တစ်ခု ရှိ၏။
“An apple a day keeps the doctor away.”
အထက်ပါ စကားပုံ ကို မှီငြမ်း လမ်ေးလျှာက်ခြင်း အကြောင်းကို မိမိလည်း ကိုယ့်စိတ်ကူးနှင့် စကားပုံလေး တစ်ခု ရေးထား၏။
           “Walking an hour a day keeps the doctor away.”
မိမိမှာ နယူးယောခ့်မြို့ ရောက်သည့် နေ့ မှ စပြီး မရှောင်သာသော အကြောင်းနှင့် ရာသီဥတု အခြေအနေဆိုးမှသာ လမ်းလျှောက်မှု ပျက်ကွက်သည်။ တခါတရံမိုးရွာသော်လည်း ထီးဆောင်းပြီး အ၀တ်အစားထူထူဝတ်ကာ လမ်းလျှောက်ထွက်၏။ ထို့ ကြောင့် နယူးယောက်မြို့  သုံးနှစ်ခန့် အတွင်း နေထိုင်စဉ်ကာလ လမ်းလျှောက်ခြင်း အလေ့အထသည် မိမိနှင့်အတူ ရင့်ကျက်လာသကဲ့သို့ လမ်းလျှောက်ရင်း တွေ့ ဆုံနေကြသူများနှင့်လည်း မျက်မှန်းတမ်းလာသည်။ ရင်းနှီးလာသည်၊ နှုတ်ဆက်နေကြဖြစ်သည်။
လမ်းလျှောက်သူများမှာ လူမျိုးစုံသည်။ လူဖြူများ၊ လူမဲများ၊ spanish လူမျိုးများ၊ အီတလီလူမျိုးများ၊ တရုတ်၊ ကိုးရီးယားနှင့် အိနိယလူမျိုး စသည်တို့ ဖြစ်ကြသည်။
မိမိလျှောက်နေကြနေရာမှာ မ၇ိမ်းပတ်ခ် ခေါ် ရာမ ကွင်းကြီးဖြစ်သည်။ ထိုနေရာမှာ ရန်ကုန်ရှိ မိုင်ဒါကွင်းနှင့် တူသည်ဟု ထင်ရသည်။ ကွင်းပတ်လည်တွင် အမေရိကတိုက် ပေါက်ရောက်လေ့ရှိသော မေပယ်လ်ပင်ကြီးများ ကို ခြံစည်းရိုးအဖြစ် ၀ိုင်းရံ စိုက်ပျိုးထားသည်။ 
ကျယ်ပြန့် သော ကွင်းကို ပတ်ထားသည့် လူလျှောက်သော အနှေးလမ်း နှင့် စက်ဘီး စီးသူများ၊ ရိုလာစကိတ် စီးသူများအတွက် အမြန်လမ်း ဟု နှစ်လမ်းသွား ကို ကွင်းပတ် လည်ဖောက် ထားသည်။ ရာမကွင်းတွင် လမ်း နှစ်ခု ရှိသော်လည်း တခါတရံ လမ်းလျှောက်လာသူများနှင့် ကျပ်နေသည်ဟု ထင်ရသည်။ လူများသော်လည်း ကျယ်ပြန့် သော ကွင်းပြင်၏ တည်ငြိမ်မှုနှင့် လန်းဆန်းသော နံနက်ခင်း၏ ဆွဲဆောင် မှုကြောင့် စိတ်လွတ်လပ်မှု ကို ခံစားရသည်။ လူမျိုးစုံ၊ မျက်နှာမျိုးစုံသော်လည်း အင်အား ကြီးမားသော နံနက်ခင်း၏ တည်ငြိမ်မှု အောက်တွင် စိတ်ချမ်းသာစရာ ကောင်းသည်။ 
ညှိုးနွမ်းသော မျက်နှာများသည် လောကံ၏ ဒ်ရာ ဒ်ချက် ကြောင့် ဟု ထင်ရသည်။ ဖြေဖျောက် မရနိုင်သော လောကံ၏ အရိုက်အပုတ်ဒဏ် ကို ယင်းတို့  မျက်နှာပေါ်တွင် အထင်းသားမြင်ရသည်။ သားရေး သမီးရေး ကြောင့်ဖြစ်သော အပူအပင် သောက ဏ်ရာများ၊ နေ့ စဉ် ဘ၀ စီးပွားရေး၊ လူမှုရေး၊ ကျန်းမရေးတို့ ကြောင့် ဖြစ်သော အပူအပင်သောက်ရာ ဒ်ချက်များ၊ အသက်ကြီးလာသည်နှင့် အမျှ ခံစားရချက်ကြီးမားလာပြီး မျက်နှာညှိုးနွမ်းမှုလည်း နက်ရှိုင်းလေလေဖြစ်သည်။ ပြုံးမရ ပျော်မရသော ဘ၀ဖြစ်လာတော့သည်။ 
နံနက်တိုင်းလမ်းလျှောက်ခြင်းသည် ကိုယ်ခနာကျန်းမရေးအတွက် လေ့ကျင့်ခန်း တစ်ခုဖြစ်သည်။ မျက်နှာညိုးနွမ်းသူများသည် ကိုယ်ခနာကျန်းမာရေးအတွက် ပုံမှန်လမ်းလျှောက်သော်လည်း သူတို့ ၏ အတွင်းမှ ပူဆွေးနေသော သောက ဒ်ရာ ဒ်ချက် ကို ကုစားရန် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း ကို မေ့လျော့နေဟန် ရှိသည်။ သို့ မဟုတ် ကုစားရန်နည်းကို ရှာမတွေ့ ဟန်ရှိသည်။ လမ်းလျှောက် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် လူ့ ဘ၀အတွက် မရှိမဖြစ် လိုအပ်သကဲ့သို့  စိတ်ပိုင်းဆိုင်ရာ် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်လည်း စိတ်ချမ်းသာရေး၊ ပျော်ရွှင်စွာ နေထိုင်ရေးအတွက် အထူးလိုအပ်သည်။ ထို့ ကြောင့် နံနက်ခင်းသည် နုနယ်သန့် ရှင်း လှပသကဲ့သို့  လူတိုင်း၏ စိတ်သည်လည်း နံနက်ခင်းနှင့် အတူ သန့် ရှင်းလှပစေရန် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်း (စိတ်အလုပ်) ကို အရေးတကြီးလုပ်သင့်သည်။ 
ကမာ့ဗုဒသာသနာပြုဆရာတော် ဘဒွနွဦးသေဌိလ  အရှင်သူမြတ်က ကျန်းမာ အသက် ရှည်ရေးနှင့် ပတ်သက်ပြီး (စိတ်အလုပ်) ကမွဌာန်းတရား အားထုတ်မှု က အထောက် အပံ့ပြုပုံ ကို သို့ မိန့် တော်မူခဲ့သည်။ 
“ကျန်းမာအသက်ရှည်ရေးအတွက် အရေးအကြီးဆုံးကတော့ စိတ်အလုပ်ဘဲ၊ တကယ့်ကို စိတ်အလုပ် လုပ်ထားတဲ့သူဟာ သေချိန်ကျလို့  သေခါမှသေရော၊ မကျန်းမာဖြစ်ခဲတယ်၊ ဟိုးဘ၀ က ပါလာတဲ့ ကံဟောင်း ကံကြွေး ရှိလို့  ခံရတာမျိုးမှ တပါး ကျန်းမာရေး မထိခိုက်နိုင်ဘူးလို့  ယုံကြည်တယ်။ အလုပ်လုပ်နေတယ်၊ အလုပ်လုပ်နေလို့  ညအိပ်ချိန် နည်းသွားမယ်၊ ဘာမှ မဖြစ်ဘူး၊ အလုပ်ဆိုတာ စိတ်အလုပ်ကို ပြောတာနော်၊ ကမဌာန်းထိုင်တာပေါ့ ၊ ခပ်ငယ်ငယ် ရဟန်းဘ၀ ကတည်းက ကမဌာန်းအလုပ်လုပ်ခဲ့တယ်။ ဒီအလုပ်ကလည်း ကိုယ့်ကိုယ်ကို ကျန်းမာစေတယ်လို့  ယူဆတယ်” ဟု ဆရာတော်ကြီးက ကမွဌာန်းအလုပ် (စိတ်အလုပ်) ၏ တန်ဖိုးရှိပုံကို မိန့် တော်မူခဲ့သည်။ 
ထို့ အပြင် ဆရာတော်ကြီးက "နောက်တခုက ကိုယ်လက်လှုပ်ရှားခြင်း ဟာ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ လေ့ကျင့်မှုတစ်ရပ်ပဲ၊ လမ်းလျှောက်ခြင်းဟာ ကမဌာန်းထိုင်တဲ့ သူများနဲ့  ထိုင်ပြီး အလုပ်လုပ်ရတဲ့ သူများအတွက် အလွန် အရေးကြီးတယ်၊ လမ်းမလျှောက်လို့  ဖြစ်ကို မဖြစ်ဘူး။ ဒါကြောင့် ဘုန်းကြီး အင်္ဂလန်မှာ  နေတုန်းက ရာသီဥတု ဘယ်လောက်အေးအေး ထွက်ပြီး လမ်းလျှောက် တာပဲ။ မိုးသိပ်များလို့  မထွက်နိုင်ရင် ကျောင်းဝင်းမှာ လေ့ကျင့်ခန်းလုပ်တယ်၊ Touch toe’ ခြေဖျားကို ထိအောင် ကွေးညွတ်ရတဲ့ လေ့ကျင့်ခန်းမျိုး မပျက်မကွက် လုပ်လေ့  ရှိတယ်၊ ဒါကြောင့် နှာစေး၊ ချောင်းဆိုးမှ တပါး အခြားရောဂါဖြစ်တယ်လို့  သိပ်မရှိပါဘူး"    ဟု ဆရာတော်ကြီး က တရားအလုပ်နှင့် လမ်းလျှောက်ခြင်းတို့ ကြောင့် မိမိ ကျန်းမာရေး ကောင်းမွန်ပုံတို့ ကို ဖွင့်ဟ မိန့် တော်မူသည်။
                                                                 မဟာအောင်မြေ - ဦးဝိလာသ
No comments:
Post a Comment