မြန်မာလူမျိုးတို့  ဆောင်ရွက်သမျှသည်
ကျမ်းဂန်နှင့် ကင်းသည်ဟူ ၍ မရှိ၊
(အာရာမရောပါ ၀နရောပါ၊ ယေ ဇနာ သေတုကာရကာ၊
ပပဥွဏ
ဥဒပါနဥွ၊ ယေ ဒဒနွိ ဥပဿယံ။)
***************************************************************
လှူဒါန်းပြီးနောက် အမြဲတမ်းကုသိုလ်ရသောကြောင့်
ထာဝရကုသိုလ် ဟု ခေါ်၏။ ယင်းသည် (၆)မျိုးရှိသည်။
(၁) အရိပ်ရ အပင်ကြီးများစိုက်ပျိုးခြင်း
(အာရာမရောပါ ကုသိုလ်)
(၂) အသီးစား အပင်များ။ ပန်းပင်များ
စိုက်ပျိုးခြင်း (၀နရောပါ ကုသိုလ်)
(၃) လမ်း၊ တံတားဖေါက်လုပ်ခြင်း (သေတုကာရဏာ
ကုသိုလ်)
(၄) ရေတွင်း ရေကန်တူးဖေါ်ခြင်း (ဥဒပါနဥွ ကုသိုလ်)
(၅) ရေချမ်းစင် တည်ခြင်း။ ရေလှူခြင်း (ပပဥွ
ကုသိုလ်)
(၆) ကျောင်းဆောက်လှူဒါန်းခြင်း၊ဘုရားတည်ခြင်း၊ စာသင်ေ ကျာင်း၊ ဆေးရုံဆောက် လုပ်လှူခြင်း (ဥပဿယကုသိုလ်)
မြန်မာနိုင်ငံတ၀ှန်း လမ်းဘေးဝဲယာတွင်
အရိပ်ရ အပင်ကြီးများ စိုက်ပျိုးခြင်း အလေ့  ရှိသည်။ ကုကိုပင်၊ တမာပင်၊
မန်ကျည်းပင်၊ ထနောင်းပင် တို့  ကို အမြတ်တနိုး စိုက်ပျိုး ခြင်း ကြောင့်
အပင်များသည် နွေရာသီ တွင် လူနှင့် ကျေးငှက် တိရစာန်တို့  အတွက် အရိပ်ခိုရန်
ဖြစ်သကဲ့သို့  ဆောင်းရာသီတွင်လည်း အသီး၊အရွက်၊ အပွင့် တို့ ကို စားသုံးနိုင်ပေသည်။
ထို့ အပြင် သစ်ပင်များ ဝေဆာစွာပေါက်ရောက်ခြင်းဖြင့် မိုး ရွာခြင်း ၊ လေတိုက်ခြင်း၊
နေပူခြင်း စသော သဘာဝဘေးအနရာယ် ကို ကာကွယ်ပြီး ဖြစ်ကာ ပတ်ဝန်းကျင် သာယာလှပမှု
ကိုလည်း ဖန်တီးပြီးဖြစ်သည်။
“သရက် ကုကို ၀ါးပင်တွေ ၀ိုင်းပါလို့ 
ရွက်အုပ်ညို ဆင်ဝေမှိုင်းချေတော့
မြင်လေတိုင်းသာပ ကြည်နှူးဘွယ်”
စာရေးဆရာ ဦးသော်တာဆွေ၏ လှပသော ကျေးရွာဘွဲ
့ကဗျာဖြစ်သည်။ အရိပ် ရ အပင်ကြီးများ စိုက်
ပျိုးခြင်း ကို ကျမ်းဂန်များ က “အာရာမရောပ ကုသိုလ်” ဟု အမည်ပေးသည်။ သစ်ပင် ရိပ်သို
့ လူများ၊ တိရစာန်များ အရိပ်ခိုတိုင်း၊ အသုံးပြုတိုင်း အမြဲတမ်း
ကုသိုလ်ရသောကြောင့် “ထာဝရကုသိုလ်” ဟု ခေါ်သည်။ ပါဌိလို “အာရာမ ရောပါ ကုသိုလ်” ဟု
ဆိုသည်။ (ကုသိုလ်ရသည် ဆိုသည်မှာ အပြစ် ကင်းစင်ခြင်း ၊ ကောင်းမြတ်တေသာ အကျိုးကို
ပေးခြင်း၊ ရရှိခြင်း ပင်ဖြစ်သည်။)
∙∙∙∙∙∙∙∙∙∙∙∙∙∙ ∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙ ∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙ ∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙
ဒုတိယ
အမျိုးအစားမှာ ငှက်ပျော၊ ပိနဲ၊ သရက်၊ မာလကာ စသော အသီးစား အပင်များ၊ စံပယ်၊ နှင်းဆီ
စသော ရှုခင်း အလှပန်းပင်များ စိုက်ပျိုးခြင်းဖြစ်သည်။ မိမိ စိုက်ပျိုးသော အပင်မှ
အသီးအနှံတို့ ကို လူနှင့် ငှက်စသော တိရစာန် များစားသုံးတိုင်း ကုသိုလ်ဖြစ် နေသည်။
ထို့ ပြင် ပင်ယံထက်မှ ငွားငွားစွင့်စွင့် ကြွားကြွားဝင့်ဝင့် လှချင် တိုင်း လှနေသော
ပန်းများ ကို လှူဒါန်းပြီး ၀မ်းမြောက်တိုင်း ကုသိုလ်ဖြစ်နေသည်။ ထို့ ကြောင့် ဤ
ကုသိုလ်မျိုးကိုလည်း “ထာဝရကုသိုလ်” ဟုပင်
ခေါ်ဆိုပြီး၊ ပါဌိလို “၀နရောပါကုလိုလ်” ဟု ဆိုသည်။
![]() |
Photo: internet |
စိုက်ပျိုးခြင်း အလေ့အထ သည်
စိတ်ရွှင်လန်းမှု ကို ဖြစ်စေ ၏။ တရုတ်စကားပုံ တစ်ခု က ဆိုထားသည်။
“တရက်ပျော်ချင်ရင်
အရက်သောက်၊ တနှစ်ပျော်ချင်ရင် အိမ်ထောင်ပြု၊ တသက်ပျော်ချင်ရင် သစ်ပင်စိုက်”
စိုက်ပျိုးဖြစ်ထွန်းသော အပင်များကို ကြည့်ပြီး
ပီတိဖြစ်ရသည်မှာ ကိုယ်ပိုင် သားသမီး ကို ကြည့်ရသည့်နှယ် ဖြစ်၏။ ဒီဟာ ကို
ဘယ်အရာနှင့် မျှ နှိုင်းယှဉ်၍ မရနိုင်၊ ကိုယ်တိုင်လည်း ကြည်နှူးပြီး မြင်ရသူ
အပေါင်းကိုလည်း ကြည်နှူးစေသည်။ ယင်းကြည် နှူး မှု သည်ပင် ကုသိုလ်ဖြစ်ပေါ်ရေး၏
အခြေခံ အထောက်အကူဖြစ်၏။ ![]() |
photo: internet |
တတိယ အမျိုးအစားမှာ လူနှင့် တိရစာန်များ
လွယ်လင့်တကူ သွားလာနိုင်စေရန် လမ်းနှင့် တံတားများ ဆောက်လုပ်ခြင်း၊
ပြုပြင်ခြင်းပင် ဖြစ်၏။ လမ်းဖေါက်ခြင်း၊ တံတား ဆောက်ခြင်း သည် လွန်စွာအကျိုးများ၍
လူတိုင်းက ၀မ်းမြောက်နုမော သာဓုခေါ်သော
လုပ်ရပ်ဖြစ်သည်။ ထို့ ကြောင့် သွားလာရေးခက်ခဲသော ဒေသများတွင် သစ်သားတံတား၊
ဝါးတံတား၊ ထန်းလုံးတံတား စသဖြင့် ဒေသထွက် ပစွည်းတို့ ကို အသုံးပြုပြီး သွားလာမှု
လွယ်ကူစေရန် ကြံဆောင်ကြသည်။ လမ်းနှင့် တံတားပေါ်သို့  လူနှင့် တိရစာန်များ
လျှောက်သွားလေတိုင်း လှူဒါန်းသူ၊ ပြုလုပ်သူမှာ အမြဲတမ်း ကုသိုလ်ရသည် ဟု စာပေများက
ဆိုလေသည်။ ဤ
ကုသိုလ်မျိုးကိုလည်း “ထာဝရကုသိုလ်” ဟုပင် ခေါ်ဆိုပြီး ပါဌိလို “သေတုကာရဏ”
ဟုဆိုသည်။
စတုထွမှာ ရေချမ်းစင်တည်ပြီး
ကုသိုလ်ယူခြင်းဖြစ်၏။ ရေချမ်းစင် ကို မြန်မာနိုင်ငံ အနှ့ံ အပြား၊ တောရောမြို့ ပါမြင်နိုင်သည်။ အရိပ်ကောင်းသော သစ်ပင်အောက် တွင် မြင်နိုင်သည်။ လမ်းဆုံ
လမ်းခွများတွင် တွေ့ နိုင်သည်။ မောပန်းသူ လမ်းသွား လမ်းလာများ အသင့်
သောက်သုံးနိုင်သည်။ ရေချမ်းစင် တည်ခြင်း သည်မြန်မာ လူမျိုးတို့ ၏ ချစ်စဖွယ် ဓလေ့
တစ်ခုဖြစ်သည်။ ရေချမ်းစင် ၏ နောက်ခံသမိုင်း ကို ကျမ်းဂန် များတွင် ကျနစွာ
ဖော်ပြထားသည်။ ရေချမ်းစင် ကို တပါးသူ သောက်တိုင်း၊ သုံးဆောင်တိုင်း လှူဒါန်းသူမှာ
အမြဲ ကုသိုလ်ရနေသည်။ ထို့ ကြောင့် ဤ
ကုသိုလ်မျိုးကိုလည်း “ထာဝရကုသိုလ်” ဟုပင် ခေါ်ဆိုပြီး ပါဌိလို “ပပဥွကုသိုလ်” ဟု
ခေါ်သည်။
![]() |
photo: internet |
ပဥွမတမျိုးမှာ အများသူငါ သုံးစွဲ ရန် ရေတွင်း ရေကန် များ တူးဖော် ခြင်းဖြစ်သည်။ ရတွင်း ရေကန် တူးဖော်ခြင်းဖြင့်
ရပ်ကျိုး၊ ရွာကျိုး၊ နိုင်ငံ့ အကျိုး ကို အထိရောက်ဆုံး ဆောင်ရွက်နိုင်သည်။
တူးဖော်ပြီးသော ရေတွင်း ရေကန် မှ ရေ ကို လူများ၊ တိရစာန်များ သောက်သုံးတိုင်း၊
အသုံးပြုလေတိုင်း အမြဲ ကုသိုလ်ရနေ သဖြင့် ဤ
ကုသိုလ်မျိုးကိုလည်း “ထာဝရကုသိုလ်” ဟုပင် ခေါ်ဆိုပြီး ပါဌိလို “ဥဒပါနဥွကုသိုလ်”
ခေါ်သည်။
ဆဌမ နောက်ဆုံးတမျိုးမှာ သံဃာတော်
များ သီတင်းသုံးနေထိုင်ရန် ကျောင်း (ဘုန်းတော်ကြီးကျောင်း)၊ စာသင်ကျောင်း၊
ဥပုသ်ဇရပ်၊ ဆေးရုံ၊ ခရီးသည် နားခိုရာ ဇရပ်၊ စာကြည့်တိုက် - စသဖြင့် အများ
ကောင်းကျိုး ပြု တည်ဆောက်ရေး လုပ်ငန်းဖြစ်သည်။ ဘုန်းတော်ကြီးကျောင်း၊ ဥပုသ်ဇရပ်၊
စာကြည့်တိုက်၊ ကွန်မြူနတီ စင်တာ တို့ တွင် အများပြည်သူတို့  စုဝေးပြီး
တရားနာခြင်း၊ တရားအားထုတ်ခြင်း၊ သာရေး-နာရေး ကိစွများ ဆောင်ရွက်လေတိုင်း
စုပေါင်းပါဝင်သူ အလှူရှင်များသည် အမြဲ ကုသိုလ်ရနေသည်။ စာသင်ကျောင်း နှင့်
ဆေးရုံတို့ တွင် စာသင်သူ၊ ပို့ ချသူ နှင့် ဆေးရုံတို့ မှ ကုသပေးလေတိုင်း အမြဲ
ကုသိုလ် ရနေသည်။ ထို့ ကြောင့် “ထာဝရကုသိုလ်” ဟုပင် ခေါ်ဆိုပြီး ပါဌိလို “ဥပဿယကုသိုလ်
“ ဟုခေါ်သည်။
သစ်သီးအရာမ်၊
ပန်းအရာမ်နှင့်
တင့်စံသာမော၊
ဥယျာဉ်တောကို၊
စိုက်ပျိုးကုန်လျင်း၊
ပေါ့ မပျင်းနှင့်၊
ရေတွင်းရေကန်၊
သောက်ရန် လမ်းတွင်၊
ရေအိုးစင်နှင့်၊
ထို့ ပြင်တခြား၊
တံတားမဏ္ဍပ်၊
ကျောင်းအာဝါသာ၊
ကိန်းဝပ်ရာတည့်၊
ထာဝရဟု၊
ပုညခေါ်ရိုး၊
ကုသိုလ်မျိုးကို၊
အားကိုကြရာ ……..
(မန်လည်ဆရာတော်)
မြန်မာတို့ ၏ ဓလေ့ထုံးစံ ကို ခြေရာကောက်လျှင်
မြတ်ဗုဒွဟောကြားတော်မူသည့် ကျမ်းဂန်များ မှ တိုက်ရိုက် ဆင်းသက်လာသည်ကို တွေ့ ရသည်။
ကျန်းဂန် ၏ အဆိုနှင့် ဆရာတော်များ၏ ဟောပြောချက်၊ ဆရာတော် များ ကိုယ်တော်တိုင်
ကျေးရွာ နှင့် တိုင်းပြည်အပေါ် ဆောင်ရွက်ခဲ့သော စံနမူနာ များကို ဦးထိပ်ထား၍
သစ်ပင်စိုက်ခြင်း၊ လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်း၊ ရေတွင်းရေကန်များ တူးခြင်း၊
ရေအိုးစင်တည်ခြင်းနှင့် တကွ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ စာကြည့်တိုက်၊
ဆေးရုံ၊ ဥပုသ်ဇရပ်၊ ခရီးသွားများ နားခိုရာ ဇရပ်တို့ ကို ဆောက်လုပ် လှူဒါန်းခြင်း
အလေ့အထသည် မြန်မာတို့ ၏ နှလုံးသည်းပွတ် ထဲတွင် နက်ရှိုင်းစွာ နေရာယူထားသည်။
ထို့ ကြောင့် မြန်မာနိုင်ငံ အနံ့ အပြားတွင် အရိပ်ရ အပင်များ ကို
လမ်းဘေးဝဲယာတွင် ကြည်နှူးဘွယ် မြင်ရသည်၊ အပင်အောက်မှ ရေချမ်းစင်၊ မနီးမဝေးတွင်
ရွာထဲသို့  ဦးတည်သော လမ်းနှင့် ချောင်းကူးတံတားငယ် တို့ ကို လည်း မြင်နိုင်၏။
တံတား တဖက် ကုန်းကမူပေါ်တွင် ထုံးဖြူဖြူစေတီ တဆူအပြင် ရေနံဝနေသော
သစ်သားဘုန်းတော်ကြီးကျောင်းကိုလည်း တွေ့  နိုင်သည်။ ယင်းတို့ မှာ
မြန်မာ့ရှုခင်းအလှ တွင် ယှဉ်တွဲ မြင်ရလေ့ ရှိသော သမဌာယီဘာဝ၊ သနွရသ ၏ ထာဝရကုသိုလ် ၆
မျိုး ပင်ဖြစ်၏။ ထိုကုသိုလ်တို့ ကို မိမိတို့ ၏ စွမ်းအား အလျောက် အခြေအနေ နှင့်
အချိန်အခါ ပေါ် မူတည်ပြီး လိုအပ်ချက်အရ ဆောင်ရွက်ကြရန် ဖြစ်ပေသည်။
ကဗျာဆရာကြီး - ဆရာဇော်ဂျီက မျက်မှောက်ခေတ် လူကြီး၊ လူငယ်များကို ယခုသို့  တိုက်တွန်း
ထားသည်။
“သင်သေသွားသော် “
သင်ဖွားသောမြေ
သင်တို့ မြေသည်
အခြေတိုးမြင့်
ကျန်ကောင်းသင့်၏။
သင်ဦးချ ၍
အမျှဝေရာ
စေတီသာနှင့်
သစွာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်သင့်၏။
ရှေးခေတ်
မြန်မာ့ဘိုးဘွားများသည် ထာဝရ ကုသိုလ် အကြောင်း ကို နားလည် သဘောပေါက်ကြ၏။ ထို
့ကြောင့် သစ်ပင်စိုက်ခြင်း၊ ရေတွင်းတူးခြင်း၊ လမ်းဖေါက်ခြင်း၊ ရေအိုးစင်တည်ခြင်း၊
ကျောင်းကန်ဘုရားတည်ခြင်း- တို့ ကို နှစ်နှစ်ခြိုက်ခြိုက် ပြုလုပ်ကြလျက် ယဉ်ကျေးမှု
အမွေ ကို လက်ဆင့်ကမ်းခဲ့သည်။ ယနေ့ ခေတ် မြန်မာ့လူကြီး လူငယ်များလည်း ထာဝရ ကုသိုလ်
အကြောင်းကို သဘောပေါက်ကြပြီး မိမိတို့ေ ခတ်မှ သည် နောင်တခေတ် အတွက် ကျောင်းကန်
ဘုရားတို့ ကို တည်ဆောက်လှူဒါန်း လျှက် ယဉ်ကျေးမှု အမွေ ကို လက်ဆင့် ကမ်းနိုင်စေရန်
ရည်သန်၍ ရေးသားလိုက်ရပေသည်။
မဟာအောင်မြေ ဦးဝိလာသ
The Wynn casino - Dr.MD
ReplyDeleteWe'd love 광명 출장안마 for the casino, because it has the chance to become a casino with 김포 출장마사지 high 대전광역 출장마사지 quality casino games. The casino features the finest 여주 출장안마 slot 전라남도 출장안마 machines from