Sunday, March 25, 2012
ဘုရားဟူသောအသံ(ဆရာတင်မိုး)
ဆရာတင်မိုး၏ မူရင်းလက်ရေးဖြင့် ရေးသားထားသော ကဗျာဖြစ်သည်။
Tuesday, March 13, 2012
ဗုဒ္ဓဘာသာဝင်တို၏အဓိက ကျင့်စဉ်။
ဗုဒ္ဓဘာသာဝင်များ၏ အဓိက အခြေခံကျင့်စဉ်မှာ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ဖြစ်သည်။ ထိုအခြေခံကျင့်စဉ်ကို ဘုရားရှင်သည် ဗာရာဏသီပြည် မိဂဒါဝုန်၌ ဟောကြားသည့် ပထမဦးဆုံး တရားတော်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။ ထိုလမ်းစဉ်သည် ကာမဂုဏ်အာရုံများကိုလည်း လိုက်စားခြင်း  မပြု။ ခန္ဓာကိုယ်ကိုလည်း နှိပ်စက် ညင်းပန်းမှု မပြုရသည့် အချက်ရှစ်ချက် ပါဝင်သော လမ်းစဉ် ဖြစ်သည်။
ထိုလမ်းစဉ်ကို လောက သံသရာမှ လွတ်မြောက်ရေးအတွက်သာ အလေးထား၍ ဟောကြားထားသော်လည်း နေ့ စဉ် ဘဝအတွက်လည်း ဆွဲယူ အသုံးပြုနိုင်သည်။
အလယ်အလတ်ဟူသော စကားလုံးကို မျှတမှု၊ အစွန်းမရောက်မှု ဟူသော အဓိပ္ပာယ်နှင့် နေ့ စဉ် ဘဝအတွက် အသုံးပြုပါက အရာရာတွင် အလွန်အကျွံ မဖြစ်စေဘဲ သင့်တင့်မျှတ ပျော်ရွှင်ချမ်းမြေ့စွာ ပြုမူနေထိုင်သွားနိုင်ပါလိမ့်မည်။ အစားအသောက် အနေအထိုင် အပျော်အပါး စသည်များကို လူ့ သဘာဝအရ မကင်းနိုင်သဖြင့် ပြုလုပ်သော်လည်း အလွန်အကျွံ မဖြစ်ဖို့ အရေးကြီး၏။ အလယ်အလတ် မျှတဖို့ အရေးကြီး၏။ မျှတစွာ သုံးဆောင်ခံစားလျှင် ပျော်ရွှင်မှု သုခကို ရနိုင်မည် ဖြစ်၏။
Sunday, March 11, 2012
The advantages of loving kindness
Photo:facebook
The eleven advantages of loving kindness(Mettanisamsa sutta):-
  1. He sleeps in comfort.
  2. He awakes in comfort. 
  3. He sees no evil dreams.
  4. He is dear to human beings.
  5. He is dear to non-human beings.
  6. Devas (gods) protect him. 
  7. Fire, poison, and sword cannot touch him. 
  8. His mind can concentrate quickly. 
  9. His countenance is serene. 
  10. He dies without being confused in mind. 
  11. If he fails to attain arahantship (the highest sanctity) here and now, he will be reborn in the brahma-world."~
Meththananda Withanage Akuratiya
တရားနာခြင်း၏ အာနိသင် ငါးမျိုး
Photo: facebook
ရဟန်းတို့ တရားနာခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ -
၁။ မကြားဖူးသည်ကို ကြားနာရ၏။
၂။ ကြားဖူးသည်ကို ဖြူစင်စေ၏။
၃။ ယုံမှားမှုကို ကူးမြောက်နိုင်၏။
၎။ အယူကို ဖြောင့်မတ်စွာ ပြုနိုင်၏။
၅။ ထိုသူ၏ စိတ်သည် ကြည်လင်၏။
ရဟန်းတို့ တရားနာခြင်း၌ အာနိသင်တို့သည် ဤ ငါးမျိုးတို့တည်း ဟု မိန့်တော်မူ၏။
(ဓမ္မဿဝနသုတ်၊ ကိမိလ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။)
ထ- ထမနဲပွဲ၊ တူတူနွဲ
မြန်မာ့ရိုးရာ ပွဲတော်များအနက် တစ်ခု ဖြစ်သည့် ထမနဲပွဲတော် ကို နယူးယောက်ရှိ မြန်မာမိသားစုများက မဟာအောင်မြေကျောင်းတိုက်တွင် မတ်လ (၁၁)ရက်နေ့  ကျင်းပခဲ့ကြသည်။
မဟာအောင်မြေဆရာတော် ဦးဝိလာသ နှင့် ထိုင်ဝမ်မှ ကြွရောက်လာသော အရှင်သုန
(ထမနဲ အိုးပေါင်း ၁၁ အိုး ထိုးခဲ့ကြသည်။ photo:မေထား)
ကြွရောက်လာသော ပရိသတ်များအား ရခိုင်မုန့် တီ၊ ထမနဲ နှင့် မြန်မာလက်ဖက်ရည် တို့ ဖြင့် ဧည့်ခံကြသည်။
(ပုံ- ဦးကျော်ဝင်း)
စာရေးဆရာ မောင်စွမ်းရည် နှင့် ဇနီး (ပုံ- ဦးကျော်ဝင်း)
အလှူရှင်များ
ဒေါက်တာ ၀င်းမြင့်၊ ဇနီး ခိုင်ခိုင်ဝင်း နှင့် သမီး အဥွလီဝင်းမြင့်၊ အန်တီမြင့်၊ မေသက် ထား၊   ဖြိုးဖြိုးလွင် ၊မောင်အာကာ ဒေါ်အေးမြ၊ ဦးကျော်စိုး၊ အောင်နိုင်ဝင်း၊ ဒေါက်တာယဉ်ယဉ်မြိုင်၊ အန်ဘာညိုရှိန်၊ မမေရီ၊ မောင်မိုး၊ Edith စိန်မင်း မိသားစု နှင့် မဟာအောင်မြေ ကျောင်းဒကာ၊ ဒကာမ များ စုပေါင်း လှူဒါန်းကြ ပါသည်။
ယနေ့ ထမနဲပွဲ အလှူပွဲတွင် ..ကြွရောက်ကြသော ပရိသတ်များအားလုံး၊ တရားနာကြရကုန်သော လူ၊ နတ်၊ ဗြဟ္မာသတ္တဝါအပေါင်းတို့နှင့် တကွ ၃၁-ဘုံသား တို့ အား အမျှပေးဝေ ပါတယ်။ အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ၊ ချမ်းသာကြပါစေ၊....သူတော်ကောင်း၊ သူမြတ်လောင်းတို့ ပေးပို့သော
ကုသိုလ်အဖို့ဘာဂ နှင့် အမျှကိုလည်း ကျွန်တော်၊ ကျွန်မတို့ က ဝမ်းမြောက် ဝမ်းသာ
သာဓုအနုမောဓနာ ခေါ်ဆိုပါကုန်၏.... အားလုံး.....           အမျှ....အမျှ....အမျှ....ယူတော်မူကြပါကုန်လော့.............
~~~~
သာဓု....သာဓု.....သာဓု.......
Saturday, March 10, 2012
ရဟန်းတော်များ နှင့် ဒါယကာများ လိုက်နာကျင့်သုံးအပ်သည့် ၀တ္တရားများ
Photo:facebook
ရဟန်း ၀တ္တရား ၆-ပါး
၁။ မကောင်းမှုမှ တားမြစ်ကုန်၏။
၂။ ကောင်းမှု၌ သက်ဝင်တည်စေကုန်၏။
၃။ ကောင်းသောစိတ်ဖြင့် စောင့်ရှောက်ကုန်၏။
၎။ မကြားဖူးသောတရားစကားကို ဟောကြားကုန်၏။
၅။ ကြားဖူးသော တရားစကားကို ဖြူစင်စေကုန်၏။
၆။ နတ်ပြည်ရောက်ကြောင်း ခရီးလမ်းကို ပြောကြားကုန်၏။
{မကောင်းမြစ်ထာ၊ ကောင်းရာကိုလှစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊
နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု ခြောက်ခုလွန်သေချာ}
ဒါယကာ ၀တ္တရား ၅-ပါး
၁။ မေတ္တာနှင့်ယှဉ်သော ကာယကံမှုဖြင့် လည်းကောင်း။
၂။ မေတ္တာနှင့်ယှဉ်သော ၀စီကံမှုဖြင့် လည်းကောင်း။
၃။ မေတ္တာနှင့်ယှဉ်သော မနောကံမှုဖြင့် လည်းကောင်း။
၎။ အမြဲမပြတ်လှူဒါန်းလိုသော စိတ်ထားဖြင့် လည်းကောင်း။
၅။ ဆွမ်းစသော အာမိသတို့ကို ပေးလှူခြင်းဖြင့် ပြူစုအပ်ကုန်၏။
{မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊
လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ ငါးခုနေ ပြုလေဒါယကာ}
Friday, March 9, 2012
လူကို ဖျက်ဆီးတတ်သော အကြောင်းတရားများ
photo: facebook
ဤရှစ်ပါးသည် လူကိုဖျက်ဆီးတတ်၏
၁။ လောင်းကစားလေ့ရှိခြင်း လည်းကောင်း၊
၂။ မိန်းမလိုက်စားလေ့ရှိခြင်း လည်းကောင်း၊
၃။ သေရည်သေရက် သောက်လေ့ရှိခြင်း လည်းကောင်း၊
၎။ ကခြင်းသီခြင်းကို ကြည့်ရှု နားထောင်လေ့ရှိခြင်း လည်းကောင်း၊
၅။ နေ့၌ အိပ်လေ့ရှိခြင်း လည်းကောင်း၊
၆။ အခါမဲ့၌ ခရီးသွားလာလေ့ရှိခြင်း လည်းကောင်း၊
၇။ မကောင်းသူတို့ကို အဆွေခင်ပွန်းဖွဲ့လေ့ရှိခြင်း လည်းကောင်း၊
၈။ အလွန်စေးနှဲခြင်း လည်းကောင်း။
Saturday, March 3, 2012
ကဲ့ရဲ့  လိုခြင်း ၊အချင်းချင်းကင်းရှင်းကြပါစေ
Photo: internet
Novices in Burma (paintings)
Artist: Zaw Min