ဆရာတင်မိုး၏ မူရင်းလက်ရေးဖြင့် ရေးသားထားသော ကဗျာဖြစ်သည်။
Sunday, March 25, 2012
Tuesday, March 13, 2012
ဗုဒ္ဓဘာသာဝင်တို၏အဓိက ကျင့်စဉ်။
ဗုဒ္ဓဘာသာဝင်များ၏ အဓိက အခြေခံကျင့်စဉ်မှာ အလယ်အလတ်လမ်းစဉ် (မဇ္ဈိမပဋိပဒါ)
ဖြစ်သည်။ ထိုအခြေခံကျင့်စဉ်ကို ဘုရားရှင်သည် ဗာရာဏသီပြည် မိဂဒါဝုန်၌
ဟောကြားသည့် ပထမဦးဆုံး တရားတော်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။ ထိုလမ်းစဉ်သည်
ကာမဂုဏ်အာရုံများကိုလည်း လိုက်စားခြင်း မပြု။ ခန္ဓာကိုယ်ကိုလည်း နှိပ်စက် ညင်းပန်းမှု မပြုရသည့် အချက်ရှစ်ချက် ပါဝင်သော လမ်းစဉ် ဖြစ်သည်။
ထိုလမ်းစဉ်ကို
လောက သံသရာမှ လွတ်မြောက်ရေးအတွက်သာ အလေးထား၍ ဟောကြားထားသော်လည်း နေ့ စဉ် ဘဝအတွက်လည်း ဆွဲယူ အသုံးပြုနိုင်သည်။
အလယ်အလတ်ဟူသော
စကားလုံးကို မျှတမှု၊ အစွန်းမရောက်မှု ဟူသော အဓိပ္ပာယ်နှင့် နေ့ စဉ် ဘဝအတွက်
အသုံးပြုပါက အရာရာတွင် အလွန်အကျွံ မဖြစ်စေဘဲ သင့်တင့်မျှတ
ပျော်ရွှင်ချမ်းမြေ့စွာ ပြုမူနေထိုင်သွားနိုင်ပါလိမ့်မည်။ အစားအသောက်
အနေအထိုင် အပျော်အပါး စသည်များကို လူ့ သဘာဝအရ မကင်းနိုင်သဖြင့်
ပြုလုပ်သော်လည်း အလွန်အကျွံ မဖြစ်ဖို့ အရေးကြီး၏။ အလယ်အလတ် မျှတဖို့
အရေးကြီး၏။ မျှတစွာ သုံးဆောင်ခံစားလျှင် ပျော်ရွှင်မှု သုခကို ရနိုင်မည်
ဖြစ်၏။
Sunday, March 11, 2012
The advantages of loving kindness
![]() |
Photo:facebook |
The eleven advantages of loving kindness(Mettanisamsa
sutta):-
- He sleeps in comfort.
- He awakes in comfort.
- He sees no evil dreams.
- He is dear to human beings.
- He is dear to non-human beings.
- Devas (gods) protect him.
- Fire, poison, and sword cannot touch him.
- His mind can concentrate quickly.
- His countenance is serene.
- He dies without being confused in mind.
- If he fails to attain arahantship (the highest sanctity) here and now, he will be reborn in the brahma-world."~
Meththananda
Withanage Akuratiya
တရားနာခြင်း၏ အာနိသင် ငါးမျိုး
![]() |
Photo: facebook |
ရဟန်းတို့
တရားနာခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ -
၁။ မကြားဖူးသည်ကို ကြားနာရ၏။
၂။ ကြားဖူးသည်ကို ဖြူစင်စေ၏။
၃။ ယုံမှားမှုကို ကူးမြောက်နိုင်၏။
၎။ အယူကို ဖြောင့်မတ်စွာ ပြုနိုင်၏။
၅။ ထိုသူ၏ စိတ်သည် ကြည်လင်၏။
ရဟန်းတို့ တရားနာခြင်း၌ အာနိသင်တို့သည် ဤ ငါးမျိုးတို့တည်း ဟု မိန့်တော်မူ၏။
(ဓမ္မဿဝနသုတ်၊ ကိမိလ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။)
အဘယ်ငါးမျိုးတို့နည်းဟူမူ -
၁။ မကြားဖူးသည်ကို ကြားနာရ၏။
၂။ ကြားဖူးသည်ကို ဖြူစင်စေ၏။
၃။ ယုံမှားမှုကို ကူးမြောက်နိုင်၏။
၎။ အယူကို ဖြောင့်မတ်စွာ ပြုနိုင်၏။
၅။ ထိုသူ၏ စိတ်သည် ကြည်လင်၏။
ရဟန်းတို့ တရားနာခြင်း၌ အာနိသင်တို့သည် ဤ ငါးမျိုးတို့တည်း ဟု မိန့်တော်မူ၏။
(ဓမ္မဿဝနသုတ်၊ ကိမိလ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။)
ထ- ထမနဲပွဲ၊ တူတူနွဲ
မြန်မာ့ရိုးရာ ပွဲတော်များအနက် တစ်ခု ဖြစ်သည့် ထမနဲပွဲတော် ကို နယူးယောက်ရှိ မြန်မာမိသားစုများက မဟာအောင်မြေကျောင်းတိုက်တွင် မတ်လ (၁၁)ရက်နေ့  ၌ ကျင်းပခဲ့ကြသည်။
အလှူရှင်များ
ကုသိုလ်အဖို့ဘာဂ နှင့် အမျှကိုလည်း ကျွန်တော်၊ ကျွန်မတို့ က ဝမ်းမြောက် ဝမ်းသာ
သာဓုအနုမောဓနာ ခေါ်ဆိုပါကုန်၏.... အားလုံး..... အမျှ....အမျှ....အမျှ....ယူတော်မူကြပါကုန်လော့.............
မဟာအောင်မြေဆရာတော် ဦးဝိလာသ နှင့် ထိုင်ဝမ်မှ ကြွရောက်လာသော အရှင်သုနရ |
![]() |
(ထမနဲ အိုးပေါင်း ၁၁ အိုး ထိုးခဲ့ကြသည်။ photo:မေထား) |
ကြွရောက်လာသော ပရိသတ်များအား ရခိုင်မုန့် တီ၊ ထမနဲ နှင့် မြန်မာလက်ဖက်ရည် တို့ ဖြင့် ဧည့်ခံကြသည်။ |
![]() |
(ပုံ- ဦးကျော်ဝင်း) |
![]() |
စာရေးဆရာ မောင်စွမ်းရည် နှင့် ဇနီး (ပုံ- ဦးကျော်ဝင်း) |
အလှူရှင်များ
ဒေါက်တာ ၀င်းမြင့်၊ ဇနီး ခိုင်ခိုင်ဝင်း နှင့် သမီး အဥွလီဝင်းမြင့်၊ အန်တီမြင့်၊ မေသက် ထား၊ ဖြိုးဖြိုးလွင် ၊မောင်အာကာ ဒေါ်အေးမြ၊ ဦးကျော်စိုး၊ အောင်နိုင်ဝင်း၊ ဒေါက်တာယဉ်ယဉ်မြိုင်၊ အန်ဘာညိုရှိန်၊ မမေရီ၊ မောင်မိုး၊ Edith စိန်မင်း မိသားစု နှင့် မဟာအောင်မြေ ကျောင်းဒကာ၊ ဒကာမ များ စုပေါင်း လှူဒါန်းကြ ပါသည်။
ယနေ့ ထမနဲပွဲ အလှူပွဲတွင် ..ကြွရောက်ကြသော ပရိသတ်များအားလုံး၊ တရားနာကြရကုန်သော လူ၊ နတ်၊ ဗြဟ္မာသတ္တဝါအပေါင်းတို့နှင့် တကွ ၃၁-ဘုံသား တို့ အား အမျှပေးဝေ ပါတယ်။ အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ၊ ချမ်းသာကြပါစေ၊....သူတော်ကောင်း၊ သူမြတ်လောင်းတို့ ပေးပို့သောကုသိုလ်အဖို့ဘာဂ နှင့် အမျှကိုလည်း ကျွန်တော်၊ ကျွန်မတို့ က ဝမ်းမြောက် ဝမ်းသာ
သာဓုအနုမောဓနာ ခေါ်ဆိုပါကုန်၏.... အားလုံး..... အမျှ....အမျှ....အမျှ....ယူတော်မူကြပါကုန်လော့.............
~~~~
သာဓု....သာဓု.....သာဓု.......
Saturday, March 10, 2012
ရဟန်းတော်များ နှင့် ဒါယကာများ လိုက်နာကျင့်သုံးအပ်သည့် ၀တ္တရားများ
![]() |
Photo:facebook |
ရဟန်း
ဝတ္တရား ၆-ပါး
၁။ မကောင်းမှုမှ တားမြစ်ကုန်၏။
၂။ ကောင်းမှု၌ သက်ဝင်တည်စေကုန်၏။
၃။ ကောင်းသောစိတ်ဖြင့် စောင့်ရှောက်ကုန်၏။
၎။ မကြားဖူးသောတရားစကားကို ဟောကြားကုန်၏။
၅။ ကြားဖူးသော တရားစကားကို ဖြူစင်စေကုန်၏။
၆။ နတ်ပြည်ရောက်ကြောင်း ခရီးလမ်းကို ပြောကြားကုန်၏။
{မကောင်းမြစ်ထာ၊ ကောင်းရာကိုလှစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊
နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု ခြောက်ခုလွန်သေချာ}
ဒါယကာ ၀တ္တရား ၅-ပါး
၁။ မေတ္တာနှင့်ယှဉ်သော ကာယကံမှုဖြင့် လည်းကောင်း။
၂။ မေတ္တာနှင့်ယှဉ်သော ၀စီကံမှုဖြင့် လည်းကောင်း။
၃။ မေတ္တာနှင့်ယှဉ်သော မနောကံမှုဖြင့် လည်းကောင်း။
၎။ အမြဲမပြတ်လှူဒါန်းလိုသော စိတ်ထားဖြင့် လည်းကောင်း။
၅။ ဆွမ်းစသော အာမိသတို့ကို ပေးလှူခြင်းဖြင့် ပြူစုအပ်ကုန်၏။
{မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊
လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ ငါးခုနေ ပြုလေဒါယကာ}
၁။ မကောင်းမှုမှ တားမြစ်ကုန်၏။
၂။ ကောင်းမှု၌ သက်ဝင်တည်စေကုန်၏။
၃။ ကောင်းသောစိတ်ဖြင့် စောင့်ရှောက်ကုန်၏။
၎။ မကြားဖူးသောတရားစကားကို ဟောကြားကုန်၏။
၅။ ကြားဖူးသော တရားစကားကို ဖြူစင်စေကုန်၏။
၆။ နတ်ပြည်ရောက်ကြောင်း ခရီးလမ်းကို ပြောကြားကုန်၏။
{မကောင်းမြစ်ထာ၊ ကောင်းရာကိုလှစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊
နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု ခြောက်ခုလွန်သေချာ}
ဒါယကာ ၀တ္တရား ၅-ပါး
၁။ မေတ္တာနှင့်ယှဉ်သော ကာယကံမှုဖြင့် လည်းကောင်း။
၂။ မေတ္တာနှင့်ယှဉ်သော ၀စီကံမှုဖြင့် လည်းကောင်း။
၃။ မေတ္တာနှင့်ယှဉ်သော မနောကံမှုဖြင့် လည်းကောင်း။
၎။ အမြဲမပြတ်လှူဒါန်းလိုသော စိတ်ထားဖြင့် လည်းကောင်း။
၅။ ဆွမ်းစသော အာမိသတို့ကို ပေးလှူခြင်းဖြင့် ပြူစုအပ်ကုန်၏။
{မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊
လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ ငါးခုနေ ပြုလေဒါယကာ}
Friday, March 9, 2012
လူကို ဖျက်ဆီးတတ်သော အကြောင်းတရားများ
![]() |
photo: facebook |
ဤရှစ်ပါးသည်
လူကိုဖျက်ဆီးတတ်၏
၁။ လောင်းကစားလေ့ရှိခြင်း လည်းကောင်း၊
၂။ မိန်းမလိုက်စားလေ့ရှိခြင်း လည်းကောင်း၊
၃။ သေရည်သေရက် သောက်လေ့ရှိခြင်း လည်းကောင်း၊
၎။ ကခြင်းသီခြင်းကို ကြည့်ရှု နားထောင်လေ့ရှိခြင်း လည်းကောင်း၊
၅။ နေ့၌ အိပ်လေ့ရှိခြင်း လည်းကောင်း၊
၆။ အခါမဲ့၌ ခရီးသွားလာလေ့ရှိခြင်း လည်းကောင်း၊
၇။ မကောင်းသူတို့ကို အဆွေခင်ပွန်းဖွဲ့လေ့ရှိခြင်း
လည်းကောင်း၊
၈။ အလွန်စေးနှဲခြင်း လည်းကောင်း။
၁။ လောင်းကစားလေ့ရှိခြင်း လည်းကောင်း၊
၂။ မိန်းမလိုက်စားလေ့ရှိခြင်း လည်းကောင်း၊
၃။ သေရည်သေရက် သောက်လေ့ရှိခြင်း လည်းကောင်း၊
၎။ ကခြင်းသီခြင်းကို ကြည့်ရှု နားထောင်လေ့ရှိခြင်း လည်းကောင်း၊
၅။ နေ့၌ အိပ်လေ့ရှိခြင်း လည်းကောင်း၊
၆။ အခါမဲ့၌ ခရီးသွားလာလေ့ရှိခြင်း လည်းကောင်း၊
၇။ မကောင်းသူတို့ကို အဆွေခင်ပွန်းဖွဲ့လေ့ရှိခြင်
၈။ အလွန်စေးနှဲခြင်း လည်းကောင်း။
Saturday, March 3, 2012
ကဲ့ရဲ့  လိုခြင်း ၊အချင်းချင်းကင်းရှင်းကြပါစေ
![]() |
Photo: internet |
လောကမှာ ရန်သူကင်းသူမရှိနိုင်။ ကိုယ်ကျိုးစွန့် ပြီး
လူသားများကို ကယ်တင် လိုသော မြတ်ဗုဒွပင်လျှင် သူနှင့် ပတ်သက်သော ရန်သူများရှိသေး သည်။
ဘာသာရေး ဆိုင်ရာ ပုဂိုလ်များ၊ တိုင်းပြည်ခေါင်းဆောင်များ သည် သူတို့ နှင့် ဆန့်  ကျင်ဘက်တို
့ ၏ ကဲ့ရဲ့ ဝေဖန်မှုနှင့် ဆဲရေးမှု တို့ ကို ခံစားကြရသည်။ ထိုဝေဖန် ဆဲရေးမှု တို
့ကို မိမိတို့ ၏ မူဝါဒ စည်းကမ်းနှင့် သွေဖယ်မှု မရှိဘဲ ကျင့်သုံးသည်။ အချို့ ပုဂိုလ်များမှာ မိမိတို့ ၏ ဘာသာအယူဝါဒ ၊
ခံယူချက် ကို မစွန့် လွတ်ခြင်း ကြောင့် အချိန်မတန်ဘဲ အရွယ် ငယ်ငယ်နှင့် လုပ်ကြံ
ခံရပြီး သေဆုံးကြရသည်။
Wednesday, February 29, 2012
ထာဝရကုသိုလ် (မဟာအောင်မြေ ဦးဝိလာသ)
မြန်မာလူမျိုးတို့  ဆောင်ရွက်သမျှသည်
ကျမ်းဂန်နှင့် ကင်းသည်ဟူ ၍ မရှိ၊
(အာရာမရောပါ ၀နရောပါ၊ ယေ ဇနာ သေတုကာရကာ၊
ပပဥွဏ
ဥဒပါနဥွ၊ ယေ ဒဒနွိ ဥပဿယံ။)
***************************************************************
လှူဒါန်းပြီးနောက် အမြဲတမ်းကုသိုလ်ရသောကြောင့်
ထာဝရကုသိုလ် ဟု ခေါ်၏။ ယင်းသည် (၆)မျိုးရှိသည်။
(၁) အရိပ်ရ အပင်ကြီးများစိုက်ပျိုးခြင်း
(အာရာမရောပါ ကုသိုလ်)
(၂) အသီးစား အပင်များ။ ပန်းပင်များ
စိုက်ပျိုးခြင်း (၀နရောပါ ကုသိုလ်)
(၃) လမ်း၊ တံတားဖေါက်လုပ်ခြင်း (သေတုကာရဏာ
ကုသိုလ်)
(၄) ရေတွင်း ရေကန်တူးဖေါ်ခြင်း (ဥဒပါနဥွ ကုသိုလ်)
(၅) ရေချမ်းစင် တည်ခြင်း။ ရေလှူခြင်း (ပပဥွ
ကုသိုလ်)
(၆) ကျောင်းဆောက်လှူဒါန်းခြင်း၊ဘုရားတည်ခြင်း၊ စာသင်ေ ကျာင်း၊ ဆေးရုံဆောက် လုပ်လှူခြင်း (ဥပဿယကုသိုလ်)
မြန်မာနိုင်ငံတ၀ှန်း လမ်းဘေးဝဲယာတွင်
အရိပ်ရ အပင်ကြီးများ စိုက်ပျိုးခြင်း အလေ့  ရှိသည်။ ကုကိုပင်၊ တမာပင်၊
မန်ကျည်းပင်၊ ထနောင်းပင် တို့  ကို အမြတ်တနိုး စိုက်ပျိုး ခြင်း ကြောင့်
အပင်များသည် နွေရာသီ တွင် လူနှင့် ကျေးငှက် တိရစာန်တို့  အတွက် အရိပ်ခိုရန်
ဖြစ်သကဲ့သို့  ဆောင်းရာသီတွင်လည်း အသီး၊အရွက်၊ အပွင့် တို့ ကို စားသုံးနိုင်ပေသည်။
ထို့ အပြင် သစ်ပင်များ ဝေဆာစွာပေါက်ရောက်ခြင်းဖြင့် မိုး ရွာခြင်း ၊ လေတိုက်ခြင်း၊
နေပူခြင်း စသော သဘာဝဘေးအနရာယ် ကို ကာကွယ်ပြီး ဖြစ်ကာ ပတ်ဝန်းကျင် သာယာလှပမှု
ကိုလည်း ဖန်တီးပြီးဖြစ်သည်။
“သရက် ကုကို ၀ါးပင်တွေ ၀ိုင်းပါလို့ 
ရွက်အုပ်ညို ဆင်ဝေမှိုင်းချေတော့
မြင်လေတိုင်းသာပ ကြည်နှူးဘွယ်”
စာရေးဆရာ ဦးသော်တာဆွေ၏ လှပသော ကျေးရွာဘွဲ
့ကဗျာဖြစ်သည်။ အရိပ် ရ အပင်ကြီးများ စိုက်
ပျိုးခြင်း ကို ကျမ်းဂန်များ က “အာရာမရောပ ကုသိုလ်” ဟု အမည်ပေးသည်။ သစ်ပင် ရိပ်သို
့ လူများ၊ တိရစာန်များ အရိပ်ခိုတိုင်း၊ အသုံးပြုတိုင်း အမြဲတမ်း
ကုသိုလ်ရသောကြောင့် “ထာဝရကုသိုလ်” ဟု ခေါ်သည်။ ပါဌိလို “အာရာမ ရောပါ ကုသိုလ်” ဟု
ဆိုသည်။ (ကုသိုလ်ရသည် ဆိုသည်မှာ အပြစ် ကင်းစင်ခြင်း ၊ ကောင်းမြတ်တေသာ အကျိုးကို
ပေးခြင်း၊ ရရှိခြင်း ပင်ဖြစ်သည်။)
∙∙∙∙∙∙∙∙∙∙∙∙∙∙ ∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙ ∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙ ∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙∙
ဒုတိယ
အမျိုးအစားမှာ ငှက်ပျော၊ ပိနဲ၊ သရက်၊ မာလကာ စသော အသီးစား အပင်များ၊ စံပယ်၊ နှင်းဆီ
စသော ရှုခင်း အလှပန်းပင်များ စိုက်ပျိုးခြင်းဖြစ်သည်။ မိမိ စိုက်ပျိုးသော အပင်မှ
အသီးအနှံတို့ ကို လူနှင့် ငှက်စသော တိရစာန် များစားသုံးတိုင်း ကုသိုလ်ဖြစ် နေသည်။
ထို့ ပြင် ပင်ယံထက်မှ ငွားငွားစွင့်စွင့် ကြွားကြွားဝင့်ဝင့် လှချင် တိုင်း လှနေသော
ပန်းများ ကို လှူဒါန်းပြီး ၀မ်းမြောက်တိုင်း ကုသိုလ်ဖြစ်နေသည်။ ထို့ ကြောင့် ဤ
ကုသိုလ်မျိုးကိုလည်း “ထာဝရကုသိုလ်” ဟုပင်
ခေါ်ဆိုပြီး၊ ပါဌိလို “၀နရောပါကုလိုလ်” ဟု ဆိုသည်။
![]() |
Photo: internet |
ပုဗ္ဗဏှသုတ် နှင့် မြန်မာပြန်
![]() |
Photo: facebook |
("မဟာဆန်စာအုပ်စင်" မှ ပြန်လည် ကူးယူဝေမျှခြင်းဖြစ်ပါသည်)
၁၁။ ပုဗ္ဗဏှသုတ်
(ပုတ်ဗန်ဏှ-သုတ်)
၁။ ယံ ဒုန္နိမိတ္တံ အ၀မင်္ဂလဉ္စ၊
(ယံ ဒုန်နိမိတ်တံ အ၀ မင်ဂလင်စ၊)
ယော စာ’ မနာပေါ သကုဏဿ သဒ္ဒေါ။
(ယော စာ မနာပေါ သကုနတ်သ သတ်ဒေါ)
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
(ပါပက်ဂဟော ဒုတ်သုပိနံ အ- ကန်တန်၊)
ဗုဒ္ဓါနုဘာဝေန ၀ိနာသ’ မင်တု။
(ဗုတ်ဓာနုဘာဝေန ၀ိနာသ မင်တု။)
Tuesday, February 28, 2012
အနာဂတ်သာသနာ ဟောကိန်းလက်ာကြီး
![]() |
Photo: internet |
ဇမ္မွူကျွန်းလုံး၊
ဖိန့် ဖိန့် မှုန်းအောင်၊
ဘုန်းတော်ရောင်လက်၊ ဓမ္မွစက်နှင့်၊
မိန့် မြွက်ဟောကြား၊
တရားစည်ကြီး
ရိုက်ဆော်ဟည်းသော်…..
ပြည်ကြီးပြည်ငယ်၊ အသွယ်သွယ်မှ၊
ရှေးဝယ်ကာလ၊ မိုက်မဲကြလည်း၊
ဓမ္မွမိစွာ၊အဖြာဖြာ
ကို၊
ပယ်ခွါစွန့် ပစ်၊
တရားသစ်၌
အစစ်အမှန်၊ လိုက်နာရန်ဟု၊
တစ်သံတည်းအော်၊ ကမာပေါ်တွင်၊
ထင်ပေါ်များစွာ၊ ဘာသာမခြား၊
လူအများသို့ ၊
တရားကိုယ်စီ၊
တည်သောကာလ၊ သမယ၌
…
ဗမာ့ဌာနီ၊ တို့ တိုင်းပြည်ကား၊
မဟီတစ်သောင်း၊ တိုက်အပေါင်းက၊
ခညောင်းပူဇော်၊ တရားတော်ကြောင့်….
အမော်အမောက်…
ထိပ်သို့ ရောက်မည် မဝေးတည်း။
(လယ်တီဆရာတော်၊ မုံရွာမြို့ )
ကိုယ်လည်းကျန်းမာ စိတ်ချမ်းသာ
နယူးယောက့်မြို့ ၏ နံနက်ခင်းသည် သန်
့ရှင်းလန်းဆန်းနေသည်။ လူတွေ အိပ်ယာ မထသေး၍ ငြိမ်သက်နေသည်၊
အေးဆေးနေသည်၊ တိတ်ဆိတ်နေ သည်။
အချိန်မှာ စပရင်းခေါ် နွေဦးပေါက်ရာသီဖြစ်၍
နံနက်ခင်းသည် နှူးနှူးညံ့ညံ့ လေး အေးမြနေသည်။ နံနက်ခင်း လမ်းလျှောက်ရသည်မှာ
အသက်ရှည်ဆေး မှီဝဲရသည် နှင့် တူသည်။ ခြေဆန့် လက်ဆန့် လို့  ကောင်းသည်။ အသက်ရှူရ
လွတ်လပ် သည်။ မျက်လုံးအမြင်အေးသည်။ ၀မ်းမီးကောင်းသည်။ ဆာလောင်မှု ကို ဖြစ်စေသည်။
စိတ်တည်ငြိမ်မှုရသည်။ သမာဓိ ကို ဖြစ်စေသည်။
ဗုဒစာပေ၌
လမ်းလျှောက်ခြင်း (စင်္ကြန် လျှောက်ခြင်း) အကျိုး ၅ မျိုး ရှိသည်ဟု
မှတ်သားရဖူးသည်။
၁။ ခရီးဝေးသွားနိုင်ခြင်း။
၂။ ကြံ့ခိုင်မှုရှိခြင်း
(ရာသီဥတု
အပြောင်းအလဲ အပူအအေး ကိုခံနိုင်ရည်ရှိခြင်း)
၃။ ရောဂါကင်းခြင်း( နှလုံး၊ ဆီးချို၊
သွေးတိုးရောဂါစသည် မရှိခြင်း)
၎။ အစာကျေခြင်း။
၅။ မှတ်ညဏ်(သမာဓိ)
ကောင်းခြင်း….
တို့ ဖြစ်သည်။ (အင်္ဂုတရနိကာယ၊ ပဥကနိပါတ)
- ခရီးသွားနိုင်၊ ကြံ့ခိုင်အားအင်၊ ကင်းစင်ရောဂါ၊ အစာကြေညက်၊
မပျက်သမာဓိ၊
ငါးပါးရှိ၊ မှတ်ဘိ စင်္ကြန် အကျိုးတည်း။
ပန်းသီးစားခြင်းဖြင့် ကျန်းမာမှုနှင့်
ပတ်သက်ပြီး လူသိများသော အင်္ဂလိပ် စကားပုံ တစ်ခု ရှိ၏။
“An apple a day
keeps the doctor away.”
အထက်ပါ စကားပုံ ကို မှီငြမ်း၍
လမ်ေးလျှာက်ခြင်း အကြောင်းကို မိမိလည်း ကိုယ့်စိတ်ကူးနှင့် စကားပုံလေး တစ်ခု
ရေးထား၏။
“Walking an hour a day keeps the
doctor away.”
အမေရိကန် က ရွာဦးကျောင်း (မဟာအောင်မြေ-ဦးဝိလာသ)
မြန်မာ့ကျေးရွာတိုင်းတွင် ကိုးကွယ်ထားသော ဘုန်းတော်ကြီး ကျောင်းများရှိကြသည်။ ယင်းကို ရွာထိပ် ရွာဦး တွင် တည်ထားလေ့ ရှိသေကြောင့် ရွာဦးကျောင်း ဟု ခေါ်စမှတ်ပြုကြသည်။ ရွာဦးကျောင်း ၌အခါကြီး ရက်ကြီး ဥပုသ်နေ့ များတွင် အလှူအတန်းပြုကြသည်။ သီတင်း သီလ ဆောက်တည် ကြသည်။ တရားနာကြသည်။ တရားမှတ်ကြသည်၊ ရပ်ရေးရွာရေး ဆွေးနွေးကြသည်။ လူချင်းတွေ့ ဆုံကြသည်။ ထို့ ကြောင့် ရွာဦးကျောင်းသည် မြန်မာ့ဘာသာရေး နှင့် လူမှုရေး လောကတွင် အဓိက အခန်းမှ ပါဝင်သည်။
ရွာဦးကျောင်းသည် ကျေးလက်ရှိ မြန်မာ့ကလေးငယ်များအတွက် ပညာစတင်သင်ကြားရာ နေရာ ဖြစ်၏။ ဘာသာရေး အသစိတ်ဓာတ် ပျိုးထောင်ရာ နှင့် ကလေးသူငယ်တို့  သဘာဝ ငယ်သူငယ်ချင်း များနှင့် ပျော်ပျော်ပါးပါး ဘ၀ စတင်ရာ နေရာလည်းဖြစ်၏။ မြန်မာလူမျိုးတို့ ၏
မိဘကျင့်ဝတ်၊ သားသမီး ကျင့်ဝတ်၊ မယားကျင့်ဝတ် စသော လူမှုရေး စည်းကမ်းချက်
အမွေအနှစ်တို့ ကို လည်း ရွာဦးကျောင်းမှ ပင် စတင်မျိုးစေ့ချပေးသည်။
![]() |
နွေရာသီကလေးများအတွက် မြန်မာစာပေနှင့်ယဉ်ကျေးမှုသင်တန်း ဖွင့်ပွဲ(နယူးယောက်မြို့ ) |
ရှစ်ပါးသီလ မြန်မာပြန်
ရှစ်ပါးသီလ
(၁) ပါဏာတိပါတာ ဝေရမဏိ၊- (သူတစ်ပါး၏ အသက်ကို သတ်ဖြတ်ခြင်းအမှုကိစ္စတို့အားမပြုလုပ်ပဲရှောင်ကြင်မည်ဟူသော သိက္ခာပုဒ်အားထိန်းသိမ်းစောင့်ရှောက်ခြင်း)
- (သူတစ်ပါးမပေးသောပစ္စည်းဥစ္စာတို့ကိုယူငင်ခြင်း "ခိုးယူခြင်း"စသောအမှုကိစ္စတို့အား မကျူးလွန်ပဲ ရှောင်ကြင်စောင့်ထိန်းခြင်း)
- (မကောင်းသော မြင့်မြတ်မှုမရှိသော ကာမဂုဏ်သားတို့၏ အလေ့အထ အကျင့်များမပြုကျင့်ပဲ စောင့်ထိန်းခြင်း)
- (မဟုတ်မမှန်သောစကားပြောခြင်း၊ လိမ်လည်လှည့်ဖျားပြောဆိုခြင်းတို့မှ ရှောင်ကြင်ခြင်း)
- (မူးယစ်မေ့လျော့စေသော အရက်သေစာ ဘိန်းဘင်းကစော် လှော်စာ စသည့် မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သောဆေးဝါးများ သုံးစွဲခြင်းမပြုပဲရှောင်ကြင်ခြင်း)
- (အချိန်ကာလမဟုတ်သော အဟာရကိုမသုံးဆောင်ပဲ၊ နေ့လွဲ ညစာ မစားသုံးပဲရှောင်ကြင်စောင့်ထိန်းခြင်း)
- (ဂီတ၌ပျော်ရွှင်နေခြင်း၊ ပန်းရနံ့များအပေါ်သာယာနေမိခြင်း၊ သီဆို ကခုန်ခြင်း စသောအမှုများတို့ကိုပြုမူချိုးဖေါက်မိခြင်းမရှိရန်စောင့်ထိန်းခြင်း)
- (တန်ဘိုးကြီးလွန်းသောအသုံးအဆောင်များသုံးစွဲခြင်း၊ မြင့်လွန်းမြတ်လွန်းသော အိပ်ယာနေရာထိုင်ခင်းစသည်ဖြင့် သုံးစွဲခြင်း တစ်တောင်အတိုင်းအတာထက်မြင့်သော ကုတင်တွင် အိပ်စက်ခြင်းစသည်တို့ မပြုပဲ ရှောင်ကြင်စောင့်ထိန်းခြင်း)
Monday, February 27, 2012
မဟာအောင်မြေကျောင်းတိုက်
မဟာအောင်မြေကျောင်းတိုက် တွင် အပတ်စဉ် တနဂ်နွေနေ့  တိုင်း ပရိတ်တရားတော်များ စုပေါင်း ရွတ်ဖတ်ခြင်း၊ နွေရာသီ ကျောင်းအားလပ်ရက်တွင် မြန်မာကလေးငယ်များ အား မြန်မာစာ နှင့် ယဉ်ကျေးမှု သင်တန်းများပေးခြင်း၊ ၁၂ လ ရာသီအလိုက် ရိုးရာပွဲတော် များကျင်းပခြင်း၊ ပြည်ပရောက် ရဟန်းတော်များနှင့် တွေ့ ဆုံဆွေးနွေးခြင်း စသည့် လုပ်ငန်းစဉ်များဖြင့် ဗုဒွသာသနာတော် ပြန့် ပွားရန် ဆောင်ရွက် လျှက်ရှိပါသည်။
![]() | |||
ကျောင်းထိုင်ဆရာတော် ဦးဝိလာသ နှင့် ပြည်ပရောက် မြန်မာရဟန်းတော်များ |
![]() |
နွေရာသီကလေးများအတွက် ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ |
Subscribe to:
Posts (Atom)